လမ်းခုလတ်မှာ ကျဆုံးခြင်း

zzo(40)
Published in
#busy
Words
112
Reading
1 min
Listen
Play
8y

အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အမှားတွေကြောင့်လက်ရှိ
သွားလာလှုပ်ရှားနေရတဲ့ဘဝမှာ အရမ်းဆင်းရဲပင်ပန်း
နွမ်းနယ်လျက်ရှိချေ၏ အားမတန်မာန်ကိုလျော့ရမဲ့
ခါချဉ်ကောင်ကဲ့သို့ ခါးချိနေသည့်မိမိရဲ့ဘဝကို သမင်
လည်ပြန်ကြည့်ရင်း အလွန်သနားမိလေစွ ဘယ်လိုဆုံး
ဖြတ်ချက်တွေကြောင့် အခုလိုဘဝမျိုးရောက်ရပါလိမ့်
အမြဲစဉ်းစားမိသည် အတွေးကခပ်တိမ်တိမ်မို့ အလွန်
နက်ရှိုင်းတဲ့လောကကြီးအကြောင်းကိုတော့ ဃဂနဏ
မသိခဲ့ရပေ အပေါ်ယံခြင်ကိုက်ရုံယားတဲ့အသိလောက်
သာ မာန်ပါပါဆွဲကိုင်ရသည်ကိုတော့ ပြောစရာမလို
အောင်ပင် ထင်ရှားပေါ်လွှင်လာပေမည်
သို့ဖြစ်သောကြောင့်လည်း မိမိကိုယ်ကိုယ်တိုင်ပင်နာ
ကျင်ရခက်လေသည် အဆိပ်တစ်ခွက်ကို ရက်စက်စွာ
နင့်နင့်သီးသီးသောက်ရသကဲ့သို့ မိမိ၏ကံကြမ္မာအဆိပ်
ရည်များကိုလည်း ရင်နင့်စွာသောက်ရပြန်လေသည်
ဘယ်လိုပဲ ဖြစ်ဖြစ်အမည်ရှိသော်လည်း အဆင့်မရှိတဲ့
မိမိဘဝဟာ အဘယ်ကဲ့သို့စခန်းသွားရမည်ကိုတွေး
မရအောင်ရှိနေပြန်သည် အတိတ်ဆိုတာလည်း
အနာဂတ်ကိုမရောက်သေးဘူးမဟုတ်လား ထိုကဲ့သို့
မရောက်သေးသည်ကိုပင် အလွန်ထင်ရှားစွာ တွေ့မြင်
ရပြန်သော်အခါ အလွန်ပင် စိတ်ပျက်စွာ လမ်းခုလတ်
မှာပဲ ပျက်ကျခဲ့လေယဉ်သဖွယ်ဖြစ်နေတော့ပေသည်။

zzo@zzo

လမ္းခုလတ္မွာ က်ဆဳံးျခင္း

အတိတ္က ျဖစ္ပ်က္ခဲ့တဲ့ အမွားေတြေၾကာင့္လက္ရွိ
သြားလာလႈပ္ရွားေနရတဲ့ဘဝမွာ အရမ္းဆင္းရဲပင္ပန္း
ႏြမ္းနယ္လ်က္ရွိေခ်၏ အားမတန္မာန္ကိုေလ်ာ့ရမဲ့
ခါခ်ဥ္ေကာင္ကဲ့သို႔ ခါးခ်ိေနသည့္မိမိရဲ႕ဘဝကို သမင္
လည္ျပန္ၾကည့္ရင္း အလြန္သနားမိေလစြ ဘယ္လိုဆုံး
ျဖတ္ခ်က္ေတြေၾကာင့္ အခုလိုဘဝမ်ိဳးေရာက္ရပါလိမ့္
အၿမဲစဥ္းစားမိသည္ အေတြးကခပ္တိမ္တိမ္မို႔ အလြန္
နက္ရွိုင္းတဲ့ေလာကႀကီးအေၾကာင္းကိုေတာ့ ဃဂနဏ
မသိခဲ့ရေပ အေပၚယံျခင္ကိုက္႐ုံယားတဲ့အသိေလာက္
သာ မာန္ပါပါဆြဲကိုင္ရသည္ကိုေတာ့ ေျပာစရာမလို
ေအာင္ပင္ ထင္ရွားေပၚလႊင္လာေပမည္
သို႔ျဖစ္ေသာေၾကာင့္လည္း မိမိကိုယ္ကိုယ္တိုင္ပင္နာ
က်င္ရခက္ေလသည္ အဆိပ္တစ္ခြက္ကို ရက္စက္စြာ
နင့္နင့္သီးသီးေသာက္ရသကဲ့သို႔ မိမိ၏ကံၾကမၼာအဆိပ္
ရည္မ်ားကိုလည္း ရင္နင့္စြာေသာက္ရျပန္ေလသည္
ဘယ္လိုပဲ ျဖစ္ျဖစ္အမည္ရွိေသာ္လည္း အဆင့္မရွိတဲ့
မိမိဘဝဟာ အဘယ္ကဲ့သို႔စခန္းသြားရမည္ကိုေတြး
မရေအာင္ရွိေနျပန္သည္ အတိတ္ဆိုတာလည္း
အနာဂတ္ကိုမေရာက္ေသးဘူးမဟုတ္လား ထိုကဲ့သို႔
မေရာက္ေသးသည္ကိုပင္ အလြန္ထင္ရွားစြာ ေတြ႕ျမင္
ရျပန္ေသာ္အခါ အလြန္ပင္ စိတ္ပ်က္စြာ လမ္းခုလတ္
မွာပဲ ပ်က္က်ခဲ့ေလယဥ္သဖြယ္ျဖစ္ေနေတာ့ေပသည္။

zzo@zzo

လမ်းခုလတ်မှာ ကျဆုံးခြင်း | Ecency