ကြိုးစားရင်းနဲ့ အောင်မြင်ပါစေ

zzo(40)
Published in
#busy
Words
75
Reading
1 min
Listen
Play
9y

09-02-49-395675_198395690251540_100002433302720_398311_19036461_n.jpg

ကြိုးစားမှုဆိုတာ အခက်ခဲတွေနဲ့ရင်ဆိုင်ရမှာ
တိုက်ခိုက်မှုတွေကိုကျော်လွှားနိုင်ရမှာ
အားမာန်သစ်တွေကို မပြတ်မွေးထုတ်ပေးနေရမှာ
အသစ်အသစ်တွေကို အစဉ်တွေးထုတ်နိုင်ရမှာ
နောက်မကျစေဖို့ အမြဲဂရုစိုက်နိုင်ရမှာ
အောက်မကျစေဖို့ အစဉ်သတိထားဆင်ခြင်ရမှာ
တိုးတက်ဖို့လဲ ကြိုးစားဆဲမပြတ်စေဖို့ရာ
ထိုးထွက်ဖို့လည်း အိုးစားမကွဲအမြဲတည်စေဖို့ရာ
အောင်မြင်ခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်ရင်
ဆုံးရှုံးခြင်းတွေဟာ အဝေးကိုပြေးသွားမှာပါ
လုပ်ရမှာကိုတွေးကြောက်နေတဲ့အခါမျိုးမှာ
လုပ်ချင်စိတ်တွေဟာ ဝါးအစည်းပြေသလိုကွဲသွားမှာ
စဉ်းစားပီးလုပ်ကိုင်ပြီးတဲ့အခါမျိုးမှာ
တွေးတောပြီး ကြည့်ရှုကာ ပြင်ဆင်သွားလိုက်ပါ
အရှုံးမရှိတဲ့ သူဆိုတာ ဒီလောကမှာမရှိသေးတာ
အစဉ်အမြဲသတိရကာ ကြောက်စိတ်တွေကိုဖယ်ခွာ
အားသစ်တွေနဲ့ ချီတက်လိုက်စမ်းပါကွာ.....။

09-03-03-389334.jpg

ႀကိဳးစားရင္းနဲ႕ ေအာင္ျမင္ပါေစ

ႀကိဳးစားမႈဆိုတာ အခက္ခဲေတြနဲ႕ရင္ဆိုင္ရမွာ
တိုက္ခိုက္မႈေတြကိုေက်ာ္လႊားနိုင္ရမွာ
အားမာန္သစ္ေတြကို မျပတ္ေမြးထုတ္ေပးေနရမွာ
အသစ္အသစ္ေတြကို အစဥ္ေတြးထုတ္နိုင္ရမွာ
ေနာက္မက်ေစဖို႔ အၿမဲဂ႐ုစိုက္နိုင္ရမွာ
ေအာက္မက်ေစဖို႔ အစဥ္သတိထားဆင္ျခင္ရမွာ
တိုးတက္ဖို႔လဲ ႀကိဳးစားဆဲမျပတ္ေစဖို႔ရာ
ထိုးထြက္ဖို႔လည္း အိုးစားမကြဲအၿမဲတည္ေစဖို႔ရာ
ေအာင္ျမင္ျခင္းေတြကို ေဆာင္ၾကဥ္းေပးနိုင္ရင္
ဆုံးရႈံးျခင္းေတြဟာ အေဝးကိုေျပးသြားမွာပါ
လုပ္ရမွာကိုေတြးေၾကာက္ေနတဲ့အခါမ်ိဳးမွာ
လုပ္ခ်င္စိတ္ေတြဟာ ဝါးအစည္းေျပသလိုကြဲသြားမွာ
စဥ္းစားပီးလုပ္ကိုင္ၿပီးတဲ့အခါမ်ိဳးမွာ
ေတြးေတာၿပီး ၾကည့္ရႈကာ ျပင္ဆင္သြားလိုက္ပါ
အရႈံးမရွိတဲ့ သူဆိုတာ ဒီေလာကမွာမရွိေသးတာ
အစဥ္အၿမဲသတိရကာ ေၾကာက္စိတ္ေတြကိုဖယ္ခြာ
အားသစ္ေတြနဲ႕ ခ်ီတက္လိုက္စမ္းပါကြာ.....။

Poetry Writer zzo@zzo ( Photo Credit google.com)

ကြိုးစားရင်းနဲ့ အောင်မြင်ပါစေ | Ecency