ချစ်ခြင်းများဖြင့် သီဖွဲ့သော

zzo(40)
Published in
#busy
Words
104
Reading
1 min
Listen
Play
8y

18-06-52-inspirational-gallery-of-romantic-flower-pictures-flowers-romantic-simple-love-flowers-and-romantic-flowers.jpg

အကြင်နာဆိုတာ နူးညံ့စွာပွေ့ဖက်ပေးရမဲ့အရာဖြစ်လို့
ထူးဆန်းစွာအဖြစ်တစ်ခုလို့မတွေးသင့်ပါဘူးလေ
တစ်ရံတစ်ခါမှာ မကြင်နာသူတွေက မူအမျိုးမျိုးနဲ့
ထိုးနှက်တိုက်ခိုက်ကြတဲ့အခါမျိုးမှာ
ရိုးမယ်ဖွဲ့လို့ အပြစ်မတင်လိုက်ပါနဲ့
ချစ်ခြင်းမေတ္တာတွေကို သူတို့မသိလို့ဆိုတာ
မှတ်ယူလိုက်ပြီး နှလုံးသားထဲက နူးညံ့ပြလိုက်ပါ
အတိတ်ဆိုတဲ့ မှန်ကူကွက်ထဲမှာ ပြန်လည်ကြည့်မိလို့
ပျော်ရွှင်စရာတွေဖြစ်သွားခဲ့ရင် အမြဲပျော်ရွှင်နေမှာသင်ပါ
အမြဲပျော်ရွှင်စေဖို့ ကောင်းကောင်းမွန်မွန်နေထိုင်သွား
ဟန်ချက်မပျက် ဆက်ဆံသွားခဲ့ရင်တော့
တနေ့မှာ သင်ဟာ ပျော်ရွှင်စွာ မိမိနောက်ကြောင်းကို
ပြန်လည်ကြည့်မိတိုင်းပျော်ရွှင်တဲ့ လူသားတစ်ယောက်
ဖြစ်လာရမယ်ဆိုတာ မလွဲမသွေ မှန်နေမြဲပါ
အချစ်နဲ့ ချစ်ခြင်းမေတ္တာတရားတွေဟာ
မရိုးသွားတဲ့ အပြောင်းလဲ အမြဲဆန်းသစ်နေတဲ့
အချက်အလက်တွေဆိုတာ ဘယ်တော့မှမမေ့လိုက်ပါနဲ့
အားမရလို့ စိတ်ဓာတ်တွေကျနေပေမဲ့လည်း
ပျော်ရွှင်မှုတွေယူလာပေးမှာက ချစ်ခြင်းမေတ္တာဆိုတာ
တစ်နေ့တစ်နေ့ကို အမြဲယုံကြည့်ထားလိုက်ပါ
စိတ်ချမ်းသာစရာတွေသာ ပျော်ရွှင်မှုတွေနဲ့အတူ
ဆက်ဆက်သင့်ဆီရောက်လာပါလိမ့်မယ်....။

18-06-33-9k=.jpg

ခ်စ္ျခင္းမ်ားျဖင့္ သီဖြဲ႕ေသာ

အၾကင္နာဆိုတာ ႏူးညံ့စြာေပြ႕ဖက္ေပးရမဲ့အရာျဖစ္လို႔
ထူးဆန္းစြာအျဖစ္တစ္ခုလို႔မေတြးသင့္ပါဘူးေလ
တစ္ရံတစ္ခါမွာ မၾကင္နာသူေတြက မူအမ်ိဳးမ်ိဳးနဲ႕
ထိုးႏွက္တိုက္ခိုက္ၾကတဲ့အခါမ်ိဳးမွာ
ရိုးမယ္ဖြဲ႕လို႔ အျပစ္မတင္လိုက္ပါနဲ႕
ခ်စ္ျခင္းေမတၱာေတြကို သူတို႔မသိလို႔ဆိုတာ
မွတ္ယူလိုက္ၿပီး ႏွလုံးသားထဲက ႏူးညံ့ျပလိုက္ပါ
အတိတ္ဆိုတဲ့ မွန္ကူကြက္ထဲမွာ ျပန္လည္ၾကည့္မိလို႔
ေပ်ာ္႐ႊင္စရာေတြျဖစ္သြားခဲ့ရင္ အၿမဲေပ်ာ္႐ႊင္ေနမွာသင္ပါ
အၿမဲေပ်ာ္႐ႊင္ေစဖို႔ ေကာင္းေကာင္းမြန္မြန္ေနထိုင္သြား
ဟန္ခ်က္မပ်က္ ဆက္ဆံသြားခဲ့ရင္ေတာ့
တေန႕မွာ သင္ဟာ ေပ်ာ္႐ႊင္စြာ မိမိေနာက္ေၾကာင္းကို
ျပန္လည္ၾကည့္မိတိုင္းေပ်ာ္႐ႊင္တဲ့ လူသားတစ္ေယာက္
ျဖစ္လာရမယ္ဆိုတာ မလြဲမေသြ မွန္ေနၿမဲပါ
အခ်စ္နဲ႕ ခ်စ္ျခင္းေမတၱာတရားေတြဟာ
မရိုးသြားတဲ့ အေျပာင္းလဲ အၿမဲဆန္းသစ္ေနတဲ့
အခ်က္အလက္ေတြဆိုတာ ဘယ္ေတာ့မွမေမ့လိုက္ပါနဲ႕
အားမရလို႔ စိတ္ဓာတ္ေတြက်ေနေပမဲ့လည္း
ေပ်ာ္႐ႊင္မႈေတြယူလာေပးမွာက ခ်စ္ျခင္းေမတၱာဆိုတာ
တစ္ေန႕တစ္ေန႕ကို အၿမဲယုံၾကည့္ထားလိုက္ပါ
စိတ္ခ်မ္းသာစရာေတြသာ ေပ်ာ္႐ႊင္မႈေတြနဲ႕အတူ
ဆက္ဆက္သင့္ဆီေရာက္လာပါလိမ့္မယ္....။

Poem Writer zzo@zzo

Photo credit. Google.com

ချစ်ခြင်းများဖြင့် သီဖွဲ့သော | Ecency