အချစ်များစွာယူ

zzo(40)
Published in
#busy
Words
63
Reading
1 min
Listen
Play
9y

20-09-13-depositphotos_65047749-stock-illustration-wily-girl.jpg

ချစ်ရက်တို့ရှည် အနှစ်သက်တို့ကြွေ
နှလုံးသားတို့မှာ သကာရည်တွေ စိမ့်လို့ပေ
စိတ်ထဲမှာ စွဲထင်တဲ့ အချစ်ရဲဝိညာဏ်က
ချိုမြလို့ အေးစေတယ် အသဲနှလုံးထဲဝယ်
မေ့မရတဲ့ အပြုံးတို့က ဝုန်းဒိုင်းကြဲ
ခုန်ပျံနေတယ် အချစ်ဆိုတာ
တစ်ကမ္ဘာလို့ တစ်နေမရှိအောင် တင်စားသထက်
မမှီရက်နိုင်တဲ့ ချစ်သူအလှ ဘယ်လိုကြာကမှ
သူ့အလှမမှီ စွဲထင်အကြည့်နဲ့ ညှိကပ်ခဲ့
အရိပ်တွေ စိတ်တွေလဲ တထင့်ထင့်နဲ့
ခူးသူရှိလာမှာ စိုးရတယ် ဒီမယ်ချစ်သူရေ
ပူလောင်တဲ့ရင်ကို မင်းဝင်ကြည့်လှည့်ပါ
ခိုနားမဲ့သူမရှိ ဘဝကအတိပျင်းရိခြောက်ကပ်
အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့
ဖန်စလေးတွေလို စူးရှနာကျင်မိရဲ့
မင်းသိရဲ့လား ဒီတစ်နေရာ မင်းအတွက်
မင်းရဲ့ ချစ်ခြင်းကို ထည့်သွင်းဖို့ဆိုတာ
မင်းမမေ့လိုက်ပါနဲ့ အချစ်ဆိုတာ
တစ်သက်မှ တစ်ခါသီးတဲ့ ငှက်ပျောသီးလို့
ဒါမှမဟုတ် တစ်သက်မှာ တစ်ခါမွေးကျီးလို
မင်းသနားလှည့်ညာတာကာ စောင့်ရှောက်ပေးပါလေ
မင်းရဲ့ချစ်သူ မင်းရဲ့ ပထမလူ

Poetry zzo@zzo
Photo at google

အချစ်များစွာယူ | Ecency