အချစ်ဦးသို့ နှုတ်ဆက်စာ

zzo(40)
Published in
#poetry
Words
40
Reading
1 min
Listen
Play
9y

image

တစ်ချိန်ကချစ်ခဲ့ရသူရေ ခနတာတွေ့ခဲ့ကြုံခဲ့
ပြောဆိုခဲ့ရတဲ့အချိန်လေးတွေကို တမ်းတမိပေမဲ့
မဖြစ်နိုင်တော့လို့ လမ်းကွဲသွားကြတဲ့အခါ
မျှော်လင့်ချင်း စိတ္တဇတွေဖြစ်ပြန်ပြီပေါ့လေ....
တစ်စိမ့်စိမ့် မကြည့်ခဲ့ မပြောခဲ့ရပေမဲ့
တစ်သိမ်သိမ့် နှစ်ဝင်သွားတဲ့ ဆူးတစ်ချောင်းကို
ပြန်နှုတ်ဖို့ခဲယဉ်းသလိုပဲ နာကျင်တဲ့ဒဏ်ကို
ရက်စက်စွာခံစားရတော့မယ်.....
အချစ်ဆိုတာ ချစ်မိတဲ့သူကိုလည်းနာကျင်စေသလို
အချစ်ခံရတဲ့သူမှာလဲ ပူလောင်မှုကို ခံစားရပါတယ်
နာကျင်ပူလောင်မှုတွေကို မခံစားနိုင်တော့တဲ့အခါ
အချစ်ရဲ့ ပြိုင်ဘက် အမုန်းဆီသို့ ဦးတည်သွားမှာလား
ဒါမှမဟုတ် လစ်လျှူ ရှုကာ ဥပေက္ခာပြုမှာလားဆိုတာ
ချစ်သူနှစ်ဦးတို့ရဲ့ ရွေးချယ်မှုပါပဲ.............။

Own writer zzo / photo google

အချစ်ဦးသို့ နှုတ်ဆက်စာ | Ecency