အဆိပ်မရှိသော နှလုံးသားတစ်စုံ

zzo(40)
Published in
#poetry
Words
119
Reading
1 min
Listen
Play
8y

08-26-22-write-well.png

ဒုက္ခပေးဖို့မဟုတ် အချစ်များစွာရှင်သန်စေဖို့ပါ
စိတ်ဆင်းရဲစေချင်လို့မဟုတ် ပျော်ရွှင်စေချင်လို့ပါ
ကိုယ့်စေတနာကို အမြဲနားလည်စေချင်မိပါတယ်
ခက်သည်မှာ အချစ်ကိုယ့်ကိုနားမလည်ပါ
အချစ်ကိုယ့်ဘက်မှာ မရှိပါ
အချစ်ဟာ ကိုယ့်ကို တကယ်မချစ်တာသေချာ
စုတ်ချာချာ နုံအအ ကိုယ့်လိုလူတစ်ယောက်
မချစ် မနှစ်သက်သည်မှာ ကိုယ့်အပြစ်မမြင်ပါ
တကယ်ဆိုရင် အချစ်ဆိုတာကို အတိကျ သိပါကဲ့လား
ဒါမှမဟုတ်ရင်လည်း မသိချင်ယောင်ဆောင်သလား
ကိုယ်မသိပေမဲ့ ကိုယ့်အတွက်အနှောင့်ယှက်တစ်ခု
စိတ်ဆင်းရဲစရာ အဖြစ်ပျက်တွေ ခနခနဖြစ်ခဲ့တာ
အမြဲစိတ်ညစ် ဘဝတစ်ချိုးတစ်ကွေ့မှာ နောက်ဆံတင်း
အမြဲစိတ်မခိုင်နေတဲ့ ဘဝတစ်စုံကဲ့သို့ အမြဲအဆင်မပြေ
ကိုယ့်ကို သူနားမလည် အရွဲ့ တိုက်ဖို့ပဲသိသလို
ကန့်လန့်တိုက်မှပျော်ရွှင်တတ်သူ အခုတော့လည်း
တည်ငြိမ်နေတဲ့ ကန်ရေပြင်တစ်ခုလို စိတ်မကစား
မတုန်လှုပ်တော့ပါတကား စိတ်ကိုထိန်းညှိပြီး
ကြိုးစားကာ တိုးတက်ဖို့ ခြေလှမ်းစတင်လှမ်းတော့မည်
အောင်မြင်မည့်အရပ် အောင်မြင်မည့်အလုပ်တို့မှာ
ပျော်ရွှင်စွာ စိတ်နှစ်ဝင်တော့မည်ဟု
အတွေးစတို့မှာ မှေးရိပ်ထင်လျက်....။

16-57-11-images.jpg

အဆိပ္မရွိေသာ ႏွလုံးသားတစ္စုံ

ဒုကၡေပးဖို႔မဟုတ္ အခ်စ္မ်ားစြာရွင္သန္ေစဖို႔ပါ
စိတ္ဆင္းရဲေစခ်င္လို႔မဟုတ္ ေပ်ာ္႐ႊင္ေစခ်င္လို႔ပါ
ကိုယ့္ေစတနာကို အၿမဲနားလည္ေစခ်င္မိပါတယ္
ခက္သည္မွာ အခ်စ္ကိုယ့္ကိုနားမလည္ပါ
အခ်စ္ကိုယ့္ဘက္မွာ မရွိပါ
အခ်စ္ဟာ ကိုယ့္ကို တကယ္မခ်စ္တာေသခ်ာ
စုတ္ခ်ာခ်ာ ႏုံအအ ကိုယ့္လိုလူတစ္ေယာက္
မခ်စ္ မႏွစ္သက္သည္မွာ ကိုယ့္အျပစ္မျမင္ပါ
တကယ္ဆိုရင္ အခ်စ္ဆိုတာကို အတိက် သိပါကဲ့လား
ဒါမွမဟုတ္ရင္လည္း မသိခ်င္ေယာင္ေဆာင္သလား
ကိုယ္မသိေပမဲ့ ကိုယ့္အတြက္အေႏွာင့္ယွက္တစ္ခု
စိတ္ဆင္းရဲစရာ အျဖစ္ပ်က္ေတြ ခနခနျဖစ္ခဲ့တာ
အၿမဲစိတ္ညစ္ ဘဝတစ္ခ်ိဳးတစ္ေကြ႕မွာ ေနာက္ဆံတင္း
အၿမဲစိတ္မခိုင္ေနတဲ့ ဘဝတစ္စုံကဲ့သို႔ အၿမဲအဆင္မေျပ
ကိုယ့္ကို သူနားမလည္ အ႐ြဲ႕ တိုက္ဖို႔ပဲသိသလို
ကန႔္လန႔္တိုက္မွေပ်ာ္႐ႊင္တတ္သူ အခုေတာ့လည္း
တည္ၿငိမ္ေနတဲ့ ကန္ေရျပင္တစ္ခုလို စိတ္မကစား
မတုန္လႈပ္ေတာ့ပါတကား စိတ္ကိုထိန္းညွိၿပီး
ႀကိဳးစားကာ တိုးတက္ဖို႔ ေျခလွမ္းစတင္လွမ္းေတာ့မည္
ေအာင္ျမင္မည့္အရပ္ ေအာင္ျမင္မည့္အလုပ္တို႔မွာ
ေပ်ာ္႐ႊင္စြာ စိတ္ႏွစ္ဝင္ေတာ့မည္ဟု
အေတြးစတို႔မွာ ေမွးရိပ္ထင္လ်က္....။

Poetry Writer zzo@zzo

Photo google.com@google.com

အဆိပ်မရှိသော နှလုံးသားတစ်စုံ | Ecency