အကြင်နာနှလုံးသားနဲ့လူ

zzo(40)
Published in
#busy
Words
101
Reading
1 min
Listen
Play
9y

18-07-43-DSC01018x-58f8f0124ebe3__880.jpg

ရင်မှာထာဝစဉ်အကြင်နာထားလို့ ချစ်သက်သေမြင်သမျှ
ရင်ခွင်မှာထာဝစဉ်မခွဲချင်ဘူးလို့
အစဉ်အမြဲကြင်နာလျက် ချစ်သက်ရင်ထဲမယ်
အဆုံးထိတောက်လျောက် အချစ်မီးတောက်များ
ရှိုက်တစ်ငင်ငင်ငိုပွဲဆင်ခဲ့
ရယ်ရွှင်မောပျ မရှိလှလို့
အတိတ်တစ်ခါ စိတ်မှာ မသာယာဘူးရယ်ပဲ
တကယ်ကိုမှ အချစ်စိတ်မှာ ထစ်ထစ်ခွခွ
မုန်းမရမေ့မရတဲ့ အသဲနှလုံးပျိုသူ
ရင်ခွင်မှာ မေ့မရလို့ စွဲမြဲ ကိုယ်ယူ
ကြင်သူ ရင်မှာ အကြင်နာ ချစ်ခြင်း
အလွမ်းတမ်းချင်းများနဲ့
တစ်သသထုဆစ်ကာ အကြင်နာရင်ကွဲစရာများသို့
သူမသိပါဘူးလေ ရင်ကွဲနာကျစရာများပေ
အထွေထွေချစ်ခြင်းများကဲ့သို့
စိတ္တဇညပျက်များကြားထဲမှာ
မလူးမလွန့်သာ စိတ်ထင်ရာသို့သာမှောင်မိုက်လျက်
အတွေးနက်နက် ကလေးကွက်များနဲ့
အိပ်ရေးလည်းပျက်ကာ အတွေးလဲ ဆက်စရာ
အော်ဒါလူးသားအချစ်ဘဝ ငါ့မသိရပါလား
ဒီတစ်သက်တော့ဖြင့် အချစ်ရင်ခွင်ကို
ခိုဝင်ချင်လို့မှ မရပြင်ပြင် စိမ်းတော့လေ၏..။

18-07-29-bigstock-Illusions-Of-Inner-Paint-78600224-770x490.jpg



Poem Writer zzo@zzo

Photo Credit Google.com

အကြင်နာနှလုံးသားနဲ့လူ | Ecency