အချစ်ဆိုတာ မြင်ခြင်းမမြင်ခြင်းနဲ့ သက်ဆိုင်သလားကျ
နော်မသိပါ မြင်၍သာချစ်မိသည်ဟုတော့ဝန်ခံရပါမည်
မြင်ခြင်းကြောင့် စွဲလမ်းလာရသည် စွဲလမ်းခြင်းကြောင့်
ရအောင်ကျနော်ကြိုးစားမည် ထိုကြိုးစားခြင်း၏ရလာဒ်
သည်ပင် အချစ်ဖြစ်လာသည် ဒါဟာအထူးဆန်းတော့
မဟုတ်ပါ ကျနော်တို့၏ဘိုးဘွားဘီဘင်များလည်းထို
နည်းအတူသာလျင်ဖြစ်သည်။ယခုခေတ်နှင် ယခင်
ခေတ်တော့မတူပေ ယခုဆိုလျင် အချစ်ဆိုတာ မြင်ဖို့
လွယ်သည် တွေ့ဖို့လွယ်သည် ကြိုက်ဖို့လွယ်သည်
အချစ်ဆိုတာ လက်တွေ့မှာမရှိပါ မြင်လျင်ချစ်လိုက်မည်
ရလျင်ယူလိုက်မည် မရလျင်လည်း ကွဲလိုက်ရုံသာရှိမည်
ဘိုးဘွားတို့၏လက်ထက်ကလို တာဝန်ယူစရာမရှိပေ
တစ်လင်တစ်မယား အိုအောင်မင်းအောင် ပေါင်းသင်း
စရာမလိုတော့ပေ ကျနော်၏ရှေ့တွင်အမြင်ပဲဖြစ်နေ
သည်။နစ်နာသူကလည်း မိမိနစ်နာမှန်းမသိပါ ကိုချစ်
ခဲ့လို့ ပေါင်းရသူတောင် သဘောမတွေ့တော့ရင် ရင်
ဘတ်ကိုကော့ကာ ကွဲပစ်လိုက်သည် မိဘပေးစားသော
သူများကလည်း မကြိုက်မနှစ်သက်တော့ရင် မိဘတို့
၏ကတိကိုချိုးဖျက်ကာ ကွဲပစ်လိုက်ကြသည်။ဒါဟာ
အဆန်းတကြယ်တော့မဟုတ်တော့ပါ။ခက်သည်က
မိမိကိုယ်တိုင် ဘယ်သောင်ကိုသွားတင်မလဲ ဒါမှမဟုတ်
မိမိတယောက်ထည်း ဖြတ်သန်းတော့မှာလား စဉ်းစား
စရာတွေကများလာပေပြီ ထို့အပြင်သားသမီးများရှိ
သွားကြသည် မိဘများမှာ ကလေးအတွက်မိတကွ ဖ
တကွဲ ဖြစ်သွားကြသည့်အဖြစ်ပျက်ပေါင်းမရေတွက်နိုင်
ပေ။ ထိုသည်မှာ အတိတ်ဘဝက ကံဟု အတိတ်ကာလ
ကိုမြင်နိုင်လျင် ပြောလို့ရမည် သို့သော်လည်း အတိတ်
ဆိုတာ မိမိတို့အတွက် မြင်နိုင်သည့်သမထမရှိသေးပေ
ထို့ကြောင့် ယခုဘယ်သူ့ကိုအပြစ်တင်ရမှာလည်းစသည်
ဖြင့်ပြောဆိုပြစ်တင်ကြတော့သည်။အမှန်မှာကား အချစ်
မှာ မျက်စိရှိသည် မရှိသည်နှင့်မဆိုင်ပေ နှလုံးသားနှင့်
ဦးဏှောက်မှာ မျက်စိရှိရင်တော်လောက်ပြီ နှလုံးသား
၏ လိုအင်ဆန္ဒကို ဦးဏှောက်က ထိန်းချုပ်ကာ သည်း
ခံနိုင်ရပေမည် မချစ်သင့်သည်ကို မချစ်စေဖို့နှင့် ချစ်ရ
မည့်အရာကို ချစ်နိုင်အောင် တိုက်တွန်းနိုင်ရပေမည်
ထို့အတူ အခြားသော အချစ်နှင့်ပတ်သတ်ကာ တွယ်
တာလာသမျှမှာလည်း ထိုကဲ့သို့သာ ဖြစ်ရပါမည်။
ထိုကဲ့သို့သာ မဖြစ်လာသောအချိန်တွင် ပြဿနာများ
စွာ စိတ်ဆင်းရဲမှုမျာစွာဖြင့် နိဂုံးအဆုံးသတ်ရမည်မှာ
သာဖြစ်ပေတော့သည်......။
အခ်စ္ဆိုတာ ျမင္ျခင္းမျမင္ျခင္းနဲ႕ သက္ဆိုင္သလားက်
ေနာ္မသိပါ ျမင္၍သာခ်စ္မိသည္ဟုေတာ့ဝန္ခံရပါမည္
ျမင္ျခင္းေၾကာင့္ စြဲလမ္းလာရသည္ စြဲလမ္းျခင္းေၾကာင့္
ရေအာင္က်ေနာ္ႀကိဳးစားမည္ ထိုႀကိဳးစားျခင္း၏ရလာဒ္
သည္ပင္ အခ်စ္ျဖစ္လာသည္ ဒါဟာအထူးဆန္းေတာ့
မဟုတ္ပါ က်ေနာ္တို႔၏ဘိုးဘြားဘီဘင္မ်ားလည္းထို
နည္းအတူသာလ်င္ျဖစ္သည္။ယခုေခတ္ႏွင္ ယခင္
ေခတ္ေတာ့မတူေပ ယခုဆိုလ်င္ အခ်စ္ဆိုတာ ျမင္ဖို႔
လြယ္သည္ ေတြ႕ဖို႔လြယ္သည္ ႀကိဳက္ဖို႔လြယ္သည္
အခ်စ္ဆိုတာ လက္ေတြ႕မွာမရွိပါ ျမင္လ်င္ခ်စ္လိုက္မည္
ရလ်င္ယူလိုက္မည္ မရလ်င္လည္း ကြဲလိုက္႐ုံသာရွိမည္
ဘိုးဘြားတို႔၏လက္ထက္ကလို တာဝန္ယူစရာမရွိေပ
တစ္လင္တစ္မယား အိုေအာင္မင္းေအာင္ ေပါင္းသင္း
စရာမလိုေတာ့ေပ က်ေနာ္၏ေရွ႕တြင္အျမင္ပဲျဖစ္ေန
သည္။နစ္နာသူကလည္း မိမိနစ္နာမွန္းမသိပါ ကိုခ်စ္
ခဲ့လို႔ ေပါင္းရသူေတာင္ သေဘာမေတြ႕ေတာ့ရင္ ရင္
ဘတ္ကိုေကာ့ကာ ကြဲပစ္လိုက္သည္ မိဘေပးစားေသာ
သူမ်ားကလည္း မႀကိဳက္မႏွစ္သက္ေတာ့ရင္ မိဘတို႔
၏ကတိကိုခ်ိဳးဖ်က္ကာ ကြဲပစ္လိုက္ၾကသည္။ဒါဟာ
အဆန္းတၾကယ္ေတာ့မဟုတ္ေတာ့ပါ။ခက္သည္က
မိမိကိုယ္တိုင္ ဘယ္ေသာင္ကိုသြားတင္မလဲ ဒါမွမဟုတ္
မိမိတေယာက္ထည္း ျဖတ္သန္းေတာ့မွာလား စဥ္းစား
စရာေတြကမ်ားလာေပၿပီ ထို႔အျပင္သားသမီးမ်ားရွိ
သြားၾကသည္ မိဘမ်ားမွာ ကေလးအတြက္မိတကြ ဖ
တကြဲ ျဖစ္သြားၾကသည့္အျဖစ္ပ်က္ေပါင္းမေရတြက္နိုင္
ေပ။ ထိုသည္မွာ အတိတ္ဘဝက ကံဟု အတိတ္ကာလ
ကိုျမင္နိုင္လ်င္ ေျပာလို႔ရမည္ သို႔ေသာ္လည္း အတိတ္
ဆိုတာ မိမိတို႔အတြက္ ျမင္နိုင္သည့္သမထမရွိေသးေပ
ထို႔ေၾကာင့္ ယခုဘယ္သူ႕ကိုအျပစ္တင္ရမွာလည္းစသည္
ျဖင့္ေျပာဆိုျပစ္တင္ၾကေတာ့သည္။အမွန္မွာကား အခ်စ္
မွာ မ်က္စိရွိသည္ မရွိသည္ႏွင့္မဆိုင္ေပ ႏွလုံးသားႏွင့္
ဦးေဏွာက္မွာ မ်က္စိရွိရင္ေတာ္ေလာက္ၿပီ ႏွလုံးသား
၏ လိုအင္ဆႏၵကို ဦးေဏွာက္က ထိန္းခ်ဳပ္ကာ သည္း
ခံနိုင္ရေပမည္ မခ်စ္သင့္သည္ကို မခ်စ္ေစဖို႔ႏွင့္ ခ်စ္ရ
မည့္အရာကို ခ်စ္နိုင္ေအာင္ တိုက္တြန္းနိုင္ရေပမည္
ထို႔အတူ အျခားေသာ အခ်စ္ႏွင့္ပတ္သတ္ကာ တြယ္
တာလာသမွ်မွာလည္း ထိုကဲ့သို႔သာ ျဖစ္ရပါမည္။
ထိုကဲ့သို႔သာ မျဖစ္လာေသာအခ်ိန္တြင္ ျပႆနာမ်ား
စြာ စိတ္ဆင္းရဲမႈမ်ာစြာျဖင့္ နိဂုံးအဆုံးသတ္ရမည္မွာ
သာျဖစ္ေပေတာ့သည္......။