ကြင်နာတဲ့အချိန်မှာ ညင်သာတဲ့အပြုံလေးများနဲ့
မတုံ့မဆိုင်း အနမ်းများ ပိုင်ပိုင်နိုင်နိုင်ပေးခဲ့သည်
မယဉ်မရိုင်းအချစ်ပန်းများ ပွင့်လန်းဝေဆာခဲ့၏
အချစ်တို့၏ပွင့်ချပ်များမှ ပွင့်ဖတ်တို့သည်လည်း
ရနံ့များနှင့် အဝေးသို့သွားရောက်ယူဆောင်ပေးကြသည်
ပန်းသတင်းလေညှင်းဆောင်သကဲ့သို့
ရနံ့များသည်လည်း အဝေးသို့သယ်ဆောင်သလို
အချစ်သတင်း ချစ်ခြင်းဆောင်သည့်ကိုယ်တို့မှာလည်း
အများကြားထဲမှာ စံပြတစ်ခုသဖွယ် တည်မြဲနေခဲ့သည်
ထိုအချိန်မှာ မမျှော်လင့်ပဲ မုန်တိုင်းတစ်ခုဝင်တိုက်ခဲ့
အချိန်ကိုက်မဲ့ ရွာသွန်းဖြိုးတဲ့ ညိုညစ်ညစ်မိုးမင်းကြီးဆီမှ
မိုးသီးများနှင်ပစ်ပေါက်ကြသလို့ ရင်ကိုနာကျည်းစေ
အသဲတွေကြေကွဲစေ နှလုံးသားတွေပွန်းပဲ့စေ
အချစ်တွေကနေ အမုန်းတွေပြောင်းခဲ့စေသည်
ချစ်ခြင်းများအတွက်ပေးဆပ်ခဲ့သော ကိုယ်တို့ချစ်ခြင်း
အမုန်းဆိုတာ တစ်သက်မရှိဘူးလို့ကတိခံယူခဲ့ခြင်း
အချစ်မာန်တွေပြင်းလာတော့လည်း ပြိုကွဲပျက်ဆီးခဲ့ရ
အချစ်ကြီးသို့သာ အမုန်းမီးတောက်များစွဲလောင်ခဲ့
အကြင်နာတွေပျက်ဆီးလို့ ရင်မှာလည်းအနာတွေစွဲ
အချစ်ကြီးကြီးပီးတော့ အမုန်းကြီးတော့မည်
မကြံသာအကြင်နာတွေကိုခါးစေသူရယ်
အချစ်ကြီးလိုသာ အမုန်းကြီးသည်ဟု
မှတ်ယူလိုက်ပါတော့လားကွယ်......။

အချစ်ကြီး၍ အမျက်ကြီးလိုက်သည်

Author @zzo
photo credit to Google.com