အချိန်ကို အကျိုးရှိစေရအောင်

zzo(40)
Published in
#busy
Words
130
Reading
1 min
Listen
Play
9y

18-30-09-9k=.jpg

မကုန်လွန်သင့်ပဲ ကုန်ဆုံးသွားတဲ့အချိန်တွေ
လုပ်သင့်ပေမဲ့ မလုပ်လိုက်ရတဲ့ လုပ်ငန်းတွေ
စားချင်ပေမဲ့ မစားလိုက်ရတဲ့အစားအစာတွေ
မတွေ့ချင်ပေမဲ့ တွေ့လိုက်ရတဲ့ ဒုက္ခတွေ
ပြဿနာတွေအားလုံးပေါင်း သောင်းခြောက်ထောင်
ဆူးတွေစူးလို့ ရင်နင့်အောင် အော်ဟစ်ခံရစားရသလို
အလဟဿဖြစ်ခဲ့ ဖြုန်းတီးခဲ့အချိန်တွေ
အကျိူးမရှိကုန်ဆုံးခဲ့ တန်ဖိုးရှိတဲ့ အရာတွေ
ဒါတွေအားလုံးလိုလိုဟာ အသုံးမကျတဲ့
လုပ်ကိုင်ခြင်းကိုပဲ စွဲလမ်းနှစ်သက်သူတစ်ယောက်
အနှစ်မရနိုင်ပဲ အကာကိုသာမက်မောတဲ့လူတစ်ယောက်
ပိုင်ဆိုင်ရမဲ့ အရာတွေ့လို့ခေါ်ရင်မမှားနိုင်ဘူး
တက်လမ်းမရှိဘူးလို့ ငြီးငြူဘူး ကိုယ်လုပ်နေတဲ့အလုပ်
ကိုယ်သွားနေတဲ့လမ်း ကိုမက်နေတဲ့အိမ်မက်
အကျိုးမရှိပဲ ကုန်ဆုံးခဲ့တဲ့အချိန်တွေ
အကျိုးမရှိပဲ ကုန်ဆုံးခဲ့တဲ့ ပိုက်ဆံတွေဟာ
ပြန်ရှာလို့မရတော့တာကို သိသိကြီးနဲ့ မိုက်မဲ့တဲ့သူ
အောင်မြင်မှုကိုအာသာငမ်းငမ်း လိုချင်ရှာတယ်
မနက်ဖန်အတွက်ခွန်အားတွေကို
ဒီနေ့ဖြုန်းပစ်ပြီး နောက်ရက်အတွက် ခွန်းအားပေးသနား
ဖို့ တောင်းဆိုချင်တယ် ဒါဟာမိုက်မဲသူပဲပေါ့
ဟုတ်ပြီ ဒါဆိုရင် အဲတာတွေကိုပြင်လိုက်ကြရအောင်
အကျိုးမရှိစေမဲ့အရာတွေကိုရှောင်ရင်း
အချိန်တွေကို တန်ဖိုးထားရင်း
ပိုက်ဆံတွေကို စုဆောင်းရင်း တန်ဖိုးရှိစွာ
ဘဝကို သာသာယာယာဖြတ်သန်းလိုက်ကြပါစို့...။

18-30-22-220px-MontreGousset001.jpg

အခ်ိန္ကို အက်ိဳးရွိေစရေအာင္

မကုန္လြန္သင့္ပဲ ကုန္ဆုံးသြားတဲ့အခ်ိန္ေတြ
လုပ္သင့္ေပမဲ့ မလုပ္လိုက္ရတဲ့ လုပ္ငန္းေတြ
စားခ်င္ေပမဲ့ မစားလိုက္ရတဲ့အစားအစာေတြ
မေတြ႕ခ်င္ေပမဲ့ ေတြ႕လိုက္ရတဲ့ ဒုကၡေတြ
ျပႆနာေတြအားလုံးေပါင္း ေသာင္းေျခာက္ေထာင္
ဆူးေတြစူးလို႔ ရင္နင့္ေအာင္ ေအာ္ဟစ္ခံရစားရသလို
အလဟႆျဖစ္ခဲ့ ျဖဳန္းတီးခဲ့အခ်ိန္ေတြ
အက်ိဴးမရွိကုန္ဆုံးခဲ့ တန္ဖိုးရွိတဲ့ အရာေတြ
ဒါေတြအားလုံးလိုလိုဟာ အသုံးမက်တဲ့
လုပ္ကိုင္ျခင္းကိုပဲ စြဲလမ္းႏွစ္သက္သူတစ္ေယာက္
အႏွစ္မရနိုင္ပဲ အကာကိုသာမက္ေမာတဲ့လူတစ္ေယာက္
ပိုင္ဆိုင္ရမဲ့ အရာေတြ႕လို႔ေခၚရင္မမွားနိုင္ဘူး
တက္လမ္းမရွိဘူးလို႔ ၿငီးျငဴဘူး ကိုယ္လုပ္ေနတဲ့အလုပ္
ကိုယ္သြားေနတဲ့လမ္း ကိုမက္ေနတဲ့အိမ္မက္
အက်ိဳးမရွိပဲ ကုန္ဆုံးခဲ့တဲ့အခ်ိန္ေတြ
အက်ိဳးမရွိပဲ ကုန္ဆုံးခဲ့တဲ့ ပိုက္ဆံေတြဟာ
ျပန္ရွာလို႔မရေတာ့တာကို သိသိႀကီးနဲ႕ မိုက္မဲ့တဲ့သူ
ေအာင္ျမင္မႈကိုအာသာငမ္းငမ္း လိုခ်င္ရွာတယ္
မနက္ဖန္အတြက္ခြန္အားေတြကို
ဒီေန႕ျဖဳန္းပစ္ၿပီး ေနာက္ရက္အတြက္ ခြန္းအားေပးသနား
ဖို႔ ေတာင္းဆိုခ်င္တယ္ ဒါဟာမိုက္မဲသူပဲေပါ့
ဟုတ္ၿပီ ဒါဆိုရင္ အဲတာေတြကိုျပင္လိုက္ၾကရေအာင္
အက်ိဳးမရွိေစမဲ့အရာေတြကိုေရွာင္ရင္း
အခ်ိန္ေတြကို တန္ဖိုးထားရင္း
ပိုက္ဆံေတြကို စုေဆာင္းရင္း တန္ဖိုးရွိစြာ
ဘဝကို သာသာယာယာျဖတ္သန္းလိုက္ၾကပါစို႔...။

author zzo@zzo

photo credit to google

အချိန်ကို အကျိုးရှိစေရအောင် | Ecency