အိမ်မက်တစ္ဆေ ဝေလေလေ

zzo(40)
Published in
#busy
Words
42
Reading
1 min
Listen
Play
9y

17-27-42-250px-Ghost_Rider_(Robbie_Reyes).jpg

ညတိုင်းလာလာခြောက်တတ်တဲ့သရဲ ကြီးတစ်ယောက်
ရှိတယ် သူကအသည်းကွဲနေတုန်းသေသွားတဲ့သရဲ ကြီး
သူ့ကောင်မလေးကအခုတော့နောက်တစ်ယောက်နဲ့ယူ
သွားပြီဆိုတာသိတဲ့အချိန်မှာ ကျနော့်ဆီကိုလာပြီး
ခြောက်ပြတော့တာပဲ သရဲကြီးကမျက်နှာကြီးနီလို့ငိုပြီး
မျက်ရည်တွေစိုရွဲနေတာ တဟီးဟီးနဲ့အသဲကွဲလို့တစ်ခါ
တစ်လေပုလင်းတွေကိုရိုက်ခွဲတယ် လက်ထဲမှာလဲ ဝိုင်
ပုလင်းကိုအမြဲကိုင်ထားပြီးမမောနိုင်မပန်းနိုင်သောက်
သောက်နေကြ ပြောလိုက်တဲ့အချစ်ကြောင်းတွေလဲ
နားကိုငြီးလို့ သရဲကြီးကနောက်သရဲမတယောက်ကို
လည်းမချစ်နိုင်ဘူးဆိုပြီးအမြဲလာလာခြောက်လိုက်ငြီး
လိုက်နဲ့ အိပ်လို့ကိုမရဘူး တစ်နေ့တော့ သူ့ရဲ့ကောင်
မလေးက ကလေးမွေးပါလေရောမွေးတဲ့ကလေးက
လည်းသူနဲ့ချွပ်စွပ်တစ်ပုံစံတည်းပဲထင်ပါရဲ့ အဲထဲကစပီး
အဲသရဲ ကြီးမရှိတော့ဘူး လာလာလည်းမခြောက်တော့
ဘူး အရိပ်ကလေးတောင်ပေါ်မလာတော့ဘူး အော်
သရဲ ကြီးတောင်မှအချစ်နာကျတတ်သေးပါလားနော်..။

Author zzo@zzo photo ( google)

အိမ်မက်တစ္ဆေ ဝေလေလေ | Ecency