အိမ်မက်နဲ့ ဘဝ

zzo(40)
Published in
#poem
Words
34
Reading
1 min
Listen
Play
9y

image

ချိုမြိန်ခြင်းတွေကိုယူဆောင်လာတယ်
သာယာခြင်းတွေကို လက်ကမ်းပေးတယ်
စိတ်နှလုံးကို အေးချမ်းစေတယ်
နေ့သစ်တွေကို ခွန်အားပေးတယ်
အောင်မြင်မှုတွေကို ဖန်းတီးလိုက်တယ်
နေ့ရက်တိုင်းမှာ အတွေးသစ်တွေ ထုတ်လို့ပေးတယ်
လိုအင်မှန်သမျှ အကုန်ရတာချည်းပဲ
စိတ်ထဲမှာ နစ်မွန်းသမျှ လွင့်ပြယ်သွားခဲ့တယ်
ကောင်းကျိုးမှန်သမျှ မျှဝေခံစားစမြဲ
ဆိုးကျိုးဆိုတာ ကမ္ဘာနဲ့ အဝေးမှာ
မမြင်ချင်တာတွေ မတွေ့ရဘူး
မြင်ချင်တာတွေ မပျောက်ကွယ်ပါ
နေ့သစ်တိုင်းမှာ အကြံသစ်တွေနဲ့ ရှင်သန်တယ်
ဆင်းရဲမှုချမ်းသာမှုတွေကြားထဲက အလယ်လတ်ဘဝ
ဟိုမိုးတိမ်တိုက်တွေနဲ့ တစ်တန်းတည်း
စိတ်ကူးမှုတွေမျောလွှင့်ရာ.............။

အိမ်မက်နဲ့ ဘဝ | Ecency