အချစ်အနှစ်သက်ဆုံးလက်ဆောင်လေးကို
မင်းလေးအတွက်ကိုပေးခဲ့မယ်ချစ်သူရေ
အချစ်ဆိုတာ ချစ်တတ်သူတို့သာသိတာမို့
အရမ်းကာရောမလိုချင်ဖို့တော့ပြောပါရစေ
အချစ်ဆိုတာ အဆိပ်လဲပါသမို့ သတိတော့ထားစေချင်
ဟောင်းနွမ်းတဲ့အတွင်းစိတ်တွေလဲ ပြည့်ကျပ်နေသမို့
ဂရုတော့စိုက်စေချင်တယ်ချစ်ရသူလေးရယ် နှလုံးသား
တစ်ခုထဲမှာ အချစ်သာလျှင် အတမ်းတဆုံးအရာသမို့
စွဲလမ်းကာချစ်နေစေချင်သေးတယ်ချစ်ရသူရေ
ဟောင်းနွမ်းနေတဲ့ ချစ်လိပ်ပြာလေးတွေ
မနွမ်းသေးတဲ့ အနမ်းလေးတွေကတော့
ဒဏ္ဍာရီလာ သက်သေတွေအဖြစ်ပေါ့ကွယ်
အရမ်းကြီးလဲမစိုးရိမ်ပါနဲ့ ချစ်ရသူရေ
တစ်ချိန်မှာ အတူနေရဖို့ဆိုရင် တစ်ခါတစ်လေမှ
အတော်ကြာခွဲရမယ်ဆိုတာ နားလည်လက်ခံထားပေါ့
မအိုဟောင်းသေးတဲ့ လွင်ပြင်ထဲက အချစ်တွေရယ်
အမြဲချစ်နေမဲ့ ကိုယ့်ရဲ့ အချစ်ကလေးတွေရယ်
ချစ်ရသူရဲ့ အပြုံးလေးတွေရယ် စုပေါင်းလို့
အားချင်းပြိုင်ကြရရင်ဖြင့် ဒီကမ္ဘာမှာအချစ်ဆုံး စုံတွဲဆိုရင်
ကိုယ်တို့ကလွဲပီး ဘယ်သူမှရှိနိုင်မယ်မထင်တော့ဘူး။
အခ်စ္အႏွစ္သက္ဆုံးလက္ေဆာင္ေလးကို
မင္းေလးအတြက္ကိုေပးခဲ့မယ္ခ်စ္သူေရ
အခ်စ္ဆိုတာ ခ်စ္တတ္သူတို႔သာသိတာမို႔
အရမ္းကာေရာမလိုခ်င္ဖို႔ေတာ့ေျပာပါရေစ
အခ်စ္ဆိုတာ အဆိပ္လဲပါသမို႔ သတိေတာ့ထားေစခ်င္
ေဟာင္းႏြမ္းတဲ့အတြင္းစိတ္ေတြလဲ ျပည့္က်ပ္ေနသမို႔
ဂ႐ုေတာ့စိုက္ေစခ်င္တယ္ခ်စ္ရသူေလးရယ္ ႏွလုံးသား
တစ္ခုထဲမွာ အခ်စ္သာလွ်င္ အတမ္းတဆုံးအရာသမို႔
စြဲလမ္းကာခ်စ္ေနေစခ်င္ေသးတယ္ခ်စ္ရသူေရ
ေဟာင္းႏြမ္းေနတဲ့ ခ်စ္လိပ္ျပာေလးေတြ
မႏြမ္းေသးတဲ့ အနမ္းေလးေတြကေတာ့
ဒ႑ာရီလာ သက္ေသေတြအျဖစ္ေပါ့ကြယ္
အရမ္းႀကီးလဲမစိုးရိမ္ပါနဲ႕ ခ်စ္ရသူေရ
တစ္ခ်ိန္မွာ အတူေနရဖို႔ဆိုရင္ တစ္ခါတစ္ေလမွ
အေတာ္ၾကာခြဲရမယ္ဆိုတာ နားလည္လက္ခံထားေပါ့
မအိုေဟာင္းေသးတဲ့ လြင္ျပင္ထဲက အခ်စ္ေတြရယ္
အၿမဲခ်စ္ေနမဲ့ ကိုယ့္ရဲ႕ အခ်စ္ကေလးေတြရယ္
ခ်စ္ရသူရဲ႕ အၿပဳံးေလးေတြရယ္ စုေပါင္းလို႔
အားခ်င္းၿပိဳင္ၾကရရင္ျဖင့္ ဒီကမာၻမွာအခ်စ္ဆုံး စုံတြဲဆိုရင္
ကိုယ္တို႔ကလြဲပီး ဘယ္သူမွရွိနိုင္မယ္မထင္ေတာ့ဘူး။
Author @zzo photo by google