တစ်ခုခုကိုအစပြုပြီးရင် မဖြစ်မြောက်လာတဲ့အခါ စိတ်ဓါတ်တွေကျ ရှေ့ဆက်မလျှောက်ချင်ပဲ ရပ်တန့်ပစ်လိုက်တာ တခြားလမ်းအသစ်ကိုကူးသွားတာတွေက လူတော်တော်များများမှာ ကြုံတွေ့ရတတ်ပါတယ်။
ကိုယ်ဘာလို့သူများတွေလိုမဖြစ်မြောက်သလဲ မအောင်မြင်သလဲလို့ပြန်လေ့လာကြည့်ရင် ဒီအချက်လေးတွေတော်တော်များများကို တွေ့ရတတ်ပါတယ်။
ပထမဆုံးအချက်ကတော့ ဆင်ခြေများတာပါ။
ကိုယ်မလုပ်ချင်တဲ့ စိတ်မပါတဲ့အရာအတွက် ဆင်ခြေပေးမယ်ဆို ဆင်ခြေတွေ ရာထောင်မကရှိပါတယ်။ တကယ်သာလုပ်ချင်တယ်ဆိုရင်လည်း နည်းလမ်းတစ်ခုကအမြဲအဆင်သင့်ရှိနေပြီးသားပါ။
နောက်တစ်ခုကတော့ ကြောက်တတ်တာပါ။ မအောင်မြင်မှာ ဆုံးရှုံးမှာ လှောင်ပြောင်ခံရမှာ ဒါတွေကိုကြောက်တဲ့စိတ်နဲ့ရှေ့ဆက်မတိုးရဲပဲ ဒီထဲကရုန်းမထွက်နိုင်ကြတော့ပါဖူး။
နောက်တစ်ချက်ကတော့ အခုရေတွင်းတူး အခုရေကြည်သောက်ချင်တာပါ။ ကိုယ့်ဖက်ကအချိန်ပေးလေ့လာသင်ယူစရာတွေအတွက် အဆင်သင့်မဖြစ်သေးပဲ အကျိုးအမြတ်ကိုတော့ ချက်ချင်းလိုချင်တဲ့အခါ ဖြစ်မလာတော့ ပိုဆိုးသွားပါတယ်။
သူများကိုမှီခိုလွန်းတာကလဲ မအောင်မြင်ရခြင်းရဲ့အဓိကအကြောင်းရင်းထဲပါဝင်နေပါတယ်။ အချိန်ဆွဲပြီး ရွှေ့ဆိုင်းနေခြင်းကလည်း အောင်မြင်မှုတွေကို နောက်ဆုတ်ခိုင်းလိုက်တာနဲ့တူတူပါပဲ။
ဒါကြောင့်ဒီအချက်လေးတွေ ရှောင်ကြဉ်ပြီး အောင်မြင်တဲ့လမ်းကြောင်းလေးတွေပေါ် တည့်တည့်မတ်မတ်လျှောက်လှမ်းနိုင်ကြပါစေရှင်
@zinzin
MSC-194