Life is short

zinzin(51)
Published in
#myanmar
Words
50
Reading
1 min
Listen
Play
9y

လူရယ်လို့ဖြစ်လာရင် နောင်တဆိုတာရှောင်လွှဲလို့မရတဲ့အရာပါပဲ။
ဒါပေမယ့်လည်း တတ်နိုင်သမျှတော့ နောင်တကင်းအောင် နေထိုင်သွားဖို့လိုပါတယ် ။ ပြန်လည်ပြင်ဆင်လို့ရတဲ့နောင်တမျိုးဆိုရင်တော့ ပြန်လည်ပြင်ဆင်ရင်း နေထိုင်သွားနိုင်ပေမယ့် ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တာမျိုး ပြင်ဆင်ဖို့သိပ်နောက်ကျသွားတာမျိုးဆိုရင်တော့ ရှေ့ဆက်လျှောက်ရမယ့် ဘဝလမ်းအတွက် သိပ်ကိုပင်ပန်းစေမှာအမှန်ပါ။

ငယ်ရွယ်တုန်း လုပ်နိုင်ကိုင်နိုင်တုန်းမှာ ပစ္စည်းဥစ္စာရှာဖွေစုဆောင်းဖို့ဝန်လေးနေရင် အသက်ကြီးလာတဲ့အခါမှာ ရှင်သန်ရပ်တည်ဖို့ခက်ခဲလာပါလိမ့်မယ်။ ကူညီရိုင်းပင်းစိတ် ကြင်နာသနားစိတ်မျိုးမရှိခဲ့ပဲ ရင့်သီးကြမ်းတမ်းမှုတွေနဲ့ဖြတ်သန်းခဲ့မိရင်လည်း နောင်အခါမှာ အထီးကျန်ခြင်း နဲ့ ပင်ပန်းဆင်းရဲခြင်းတွေကို ပြန်ပြီးခံစားလာရပါလိမ့်မယ်။

ရှာဖွေစုဆောင်းရင်း လှူတန်းပေးကမ်းဖို့မေ့လျော့နေခဲ့ရင်လည်း ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားချိန် နဲ့ ဒီဘဝကံကုန်လို့ သေဆုံးခါနီးအချိန်တွေမှာ နောင်တကြီးစွာရမိပါလိမ့်မယ်။ အမိအဖ ရှိစဉ်အခါမှာ ရိုသေကိုင်းရှိုင်းခြင်း ပြုစုလုပ်ကြွေးခြင်းမရှိပဲ သေလွန်ခါမှ နောင်တရနေလို့လည်း အချိန်နှောင်းသွားခဲ့ပါပြီ။

ဒါကြောင့် တိုတောင်းလှတဲ့လူ့ဘဝခဏတာမှာ ဒီလိုနောင်တမျိုးတွေမရကြစေဖို့ နဲ့ မိမိတို့ဘဝတွေမှာ နောင်တကင်းကင်းနဲ့အကောင်းဆုံးရပ်တည်သွားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

zinzin@zinzin

image

Life is short | Ecency