e
ဒီနေ့ကျွန်မရေးသားတင်ပြပေးမယ့်ပညာပေးဇာတ်လမ်းလေးကတော့"ကိုယ့်နေရာနဲ့ကိုယ်မနေတက်သောမြင်း"ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာမြင်းကကိုယ့်နေရာနဲ့ကိုယ်မနေပဲဘယ်လိုနေရာမျိုးမှာနေချင်တာလဲဆိုတာကိုအားလုံးသိချင်နေမယ်ထင်ပါရဲ့ကဲကဲစကားတွေသိပ်မရှည်တော့ပါဘူးနော်အားလုံးသိချင်နေတဲ့ကိုယ့်နေရာနဲ့ကိုယ်မနေတက်တဲ့မြင်းလေးအကြောင်းကိုအားလုံးပဲဆက်ကြည့်ပေးပါ။
အိမ်လေးတစ်အိမ်မှာပေါ့ကွယ်လူတစ်ယောက်ဟာမြင်းလေးနဲ့သူအရမ်းချစ်ရတဲ့ကြောင်လေးတစ်ကောင်ရှိပါတယ်။အဲ့ဒီလူတစ်ယောက်ဟာသူအရမ်းချစ်ရတဲ့ကြောင်လေးရဲ့ခေါင်းကိုပွတ်သပ်ပြီးစကားတွေပြောလေ့ရှိပါတယ်တဲ့ကွယ်ပြီးတော့သူစားသမျှအစားအစာတွေကိုချကျွေးလေ့လဲရှိပါတယ်တဲ့။
တစ်ရက်ကျတော့မြင်းလေးဟာဘေးပတ်ဝန်းကျင်ကိုကြည့်ရင်းသူ့သခင်နေတဲ့အိမ်ပြတင်းပေါက်ဘက်ကိုရောက်သွားပါတတဲ့ပြတင်းပေါက်နားမှာသူ့သခင်နဲ့ကြောင်လေးကိုလှမ်းမြင်လိုက်ပါတယ်။ပြတင်းပေါက်နားမှာသူ့သခင်နဲ့ကြောင်လေးကိုလှမ်းမြင်လိုက်တော့ဘာများလုပ်နေတာလဲလို့သေချာငေးကြည့်နေပါတယ်တဲ့။
သူ့သခင်ကကြောင်လေးရဲ့ခေါင်းကိုပွတ်သပ်လိုက်တဲ့အချိန်မှာကြောင်လေးဟာသူ့သခင်ရဲ့ပေါင်ပေါ်ခုန်တက်ပြီးအိပ်နေတာကိုမြင်လိုက်ရပါတယ်။
အဲ့ဒါနဲ့မြင်းကငါ့သခင်ကငါကိုကျတော့ငါ့ခေါင်းကိုဘာလို့အဲ့လိုမပွတ်တာလဲပေါ့ဒါဟာမတရားလိုက်တာငါကအလုပ်ကိုကြိုးကြိုးစားစားလုပ်ပေးရတယ်။အဲ့ဒီကြောင်လေးကသခင်ကိုပွတ်တီးပွတ်သပ်လုပ်လိုက်၊အမြှီးလေးနှံ့လိုက်နဲ့ပြီးပေါ်ခုန်တက်အိပ်လိုက်လုပ်တာကျတော့ခေါင်းကိုပွတ်သပ်ပေးတယ်။ဒါဟာလုံးဝကိုမတရားဘူးဆိုပြီးပြောနေပါတယ်တဲ့ကွယ်။အင်းတကယ်လို့ငါကအဲ့ကြောင်လိုလုပ်ရင်ငါ့သခင်ကငါ့ခေါင်းကိုပွတ်သပ်ပေးမယ်နဲ့တူတယ်နော်လို့တွေးနေတာပေါ့။
ဒီဇာတ်လမ်းလေးကိုဒီနားပဲရပထားလိုက်ပါတယ်နောက်နေ့မှာမြင်ကသူတွေးနေတဲ့အတွေလုပ်လာမလဲဆိုတာကိုမနက်ဖြန်စောင့်မျှော်ပေးကြပါ။ကောင်းသောနေ့သစ်လေးဖြစ်ကြပါစေ။