စက်ရုံ အတွေ့ အကြုံ

Words
94
Reading
1 min
Listen
Play
9y

ကျွန်တော် အင်းတကော် စက်မှု နယ်မြေက မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေး အလုပ်ရုံမှာ လုပ်တုန်းကပေါ့ အခုလည်းအဲ့မှာပဲ လုပ်နေတာပါ  အခုပြောချင်တဲ့အကြောင်းအရာက အရင်အချိန်တစ်ခုကိုပြောတာပါ

ပထမဆုံး လုပ်ရတာက wiring ပိုင်းပေါ့ဗျာ ကျောင်းပြီးခါစဆိုတော့ လက်တွေ့ ဘာမှမသိသေးတဲ့အချိန်ပေါ့ ထုတ်တာကတော့ တရုတ် bus ပါပဲ ဒါပေမဲ့ Germany နည်းပညာနဲ့ဗျ

wire တိုင်းမှာ code တွေနဲ့ ။ ကျောင်းမှာသင်ခဲ့ရတဲ့ထဲမှာမပါတော့ တိုင်ပတ်တာပေါ့ ဘယ်မှာလဲ diagram ဆိုတော့ layout diagram ထုတ်ပြတယ်။ ကိုယ်ကလည်းဘာမှနားမလည်။ နောက်ပိုင်း လုပ်ရင်းနဲ့ မှ နားလည်လည်လာတာပေါ့။ ပြောချင်တာက ကျောင်းပြီးပြီးချင်းအလုပ်လုပ်တဲ့အခါ ကျောင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာတွေအပြင် လက်တွေ့ လေ့လာရမဲ့ အပြင်က ဘာသာရပ်တွေလည်းရှိပါတယ်ဆိုတာကိုပေါ့။  အလုပ်လုပ်တဲ့အချိန်မှာ အပြင်က အရမ်းခင်တဲ့ သူငယ်ချင်းအချို့ နဲ့ လည်း ပြဿနာတွေတက်တာပေါ့

အလုပ်လုပ်ပြီဆိုရင်တော့ အခက်အခဲဆိုတာရင်ဆိုင်ရမှာပါပဲ။

စက်ရုံမှာ လုပ်လို့  အတွေ့ အကြုံ နည်းနည်းရလာတဲ့အချိန်မှာ တစ်ခြားတစ်နေရာကို ပြောင်းရပြန်တယ်။ အလုပ်လုပ်တဲ့နေရာမှာ စိတ်ပါဝင်စားစွာလုပ်နိုင်ရင် အဲ့ဒီလိုလူမျိုးအတွက် အခွင့်အရေးက အမြဲရှိပါတယ်။ အခုမှ ကျောင်းပြီးလို့ အလုပ်ဝင်ကြမဲ့ လူငယ် တွေကိုပြောချင်တာက အတွေ့ အကြုံမရှိလို့  အားမငယ်ပါနဲ့ ။ အတွေ့ အကြုံ တစ်ခုရအောင် သင့်တော်ရာအလုပ်ကို လစာမမက်ဘဲ အရင် လုပ်ကြပါလို့  အကြံပြုရင်း........တော်သေးပြီ20171025_080851.jpg

စက်ရုံ အတွေ့ အကြုံ | Ecency