ဒီနေ့တော့ Nations League အစား WSL အကြောင်း ပြောဖြစ်မယ် ထင်ပါရဲ့။ ၂ ခုလုံး ပြောဖြစ်မှာပါ။ ပြောဖြစ်အောင်လည်း အကြောင်းအရာတွေ ဖြစ်ပေါ်စေခဲ့သည်ကိုး။ Man United women vs Crystal Palace women ပွဲစဉ်မှာတော့ Man United က ၂-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပထမပိုင်း ၁၈ မိနစ်မှာ ၁ ဂိုး၊ ဒုတိယပိုင်း ၆၅ မိနစ် ၁ ဂိုး သွင်းယူသွားခဲ့ပါတယ်။
အမှတ်ပေးဇယား ဦးဆောင်သူ အပြောင်းအလဲ ဖြစ်စေတဲ့ Chelsea women vs City women ပွဲစဉ်မှာတော့ အိမ်ရှင် Chelsea women အသင်းက ၁-၀ နဲ့ အနိုင်ရပြီး အဆင့် ၁ နေရာကို ရယူသွားပါတယ်။ ဦးဆောင်သူ အပြောင်းအလဲ ဖြစ်သွားပါတယ်။ Chelsea က ၁၀ ပွဲ ကစားပြီး ၂၆ မှတ်၊ City က ၁၀ ပွဲ ကစားပြီး ၂၅ မှတ် ရရှိထားပါတယ်။
Tottenham women vs Everton women ပွဲစဉ်က ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ Tottenham တို့ သရေ တမှတ်သာ ရယူနိုင်သဖြင့် Man United women အသင်းရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပါတယ်။ Brighton women vs Liverpool women ပွဲစဉ်မှာတော့ Liverpool က ၀-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီနေ့မှာ WSL ပွဲစဉ် ၃ ပွဲ ကစားသွားဦးမှာ ဖြစ်ပါတယ်။ Arsenal women vs London City Lionesses ပွဲစဉ်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Arsenal က ၁၃ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး London City Lionesses ကတော့ ၁၈ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ London City Lionesses အနေနဲ့ Chelsea, Man City တို့ကို ဖိအားပေးနိုင်ဖို့ အမှတ် လိုအပ်နေသလို Arsenal women အနေနဲ့လည်း UCL ဝင်ခွင့်အတွက် ဇယား ထိပ်ပိုင်းနား ရောက်ထားနိုင်ဖို့ လိုအပ်နေပါတယ်။
Nations League A Group 4 ရဲ့ ၅ ပွဲမြောက် ပွဲစဉ်တွေက မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ Norway က Wales ကို အိမ်ကွင်းမှာ ၃-၁ နဲ့ နိုင်တာက သိပ်အံ့ဩစရာ မရှိပေမဲ့ Portugal က Denmark ကို အိမ်ကွင်းမှာ ၁-၄ နဲ့ ရှုံးနိမ့်သွားတာကြီးကတော့ တကယ်ကို ထင်မှတ် မထားစရာပါ။ နောက်ဆုံး ပွဲစဉ် ၂ ပွဲလုံး ရှုံးရင်တောင် နောက်တဆင့်တက်နေပြီမို့ Portugal တို့ တမင်များ အရှုံးကန်လေသလားတော့ မသိပေ။ လူစာရင်း ကြည့်ပြန်ရင်လည်း အဓိက ကစားသမားတွေကိုပဲ ပွဲထုတ်ထားတာ။ Ronaldo အနားယူသွားလို့ပဲ သူတို့ ဝမ်းနည်းပြီး မကစားနိုင်လေကြသလား။
(photos from Man United women & UEFA pages)