ညီငယ်အရာရှိသို့ ပေးစာ(၁)
ယခုဆိုလျင် ကျွန်ုပ်၏ အမိစစ်တက္ကသိုလ်မှ "နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်" ဆိုတဲ့ အရာရှိများကိုမွေးထုတ်ပေးခဲ့သည်မှာ အမှတ်စဉ်(၅၉)ပင်ရှိခဲ့ပြီဖြစ်သည်။စစ်တက္ကသိုလ်မှာ ယခင်က၃နှစ်၊ ယခု ၄နှစ် ကြာမျှ စာပေပညာ၊စစ်ပညာများကို သင်ကြားလေ့ကျင့်ပြီးနောက် ပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ခံရကာ လက်တွေ့လုပ်ငန်းနယ်ပယ်အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြရပေသည်။ လက်တွေ့ လုပ်ငန်းနယ်ပယ်မှာ ဆောင်ရန်၊ရှောင်ရန်အချက်များရှိပါသည်။ယမန်နေ့က စစ်တက္ကသိုလ် အမှတ်စဉ်(၆၀)မှာသင်တန်းတက်ရောက်နေတဲ့ အရာရှိလောင်း ညီငယ်တစ်ဦးမှ ကျောင်းဆင်း၍ လက်တွေ့လုပ်ငန်းနယ်ပယ်ရောက်တဲ့အခါမှာ ဘာတွေကြုံတွေ့ရနိုင်မလဲ၊ဘာတွေ ဆောင်ရန်၊ရှောင်ရန်လိုအပ်မလဲဟူ၍ တယ်လီဖုန်းဖြင့်မေးမြန်းလာသည့် အတွက် ကျွန်ုပ်၏ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် ဖတ်ရှုမှတ်သားဖူးခဲ့သည်များအား ကျောင်းဆင်းအရာရှိများသာမက၊အရပ်ဖက်ဌာနများတွင် အရာရှိတာဝန်ထမ်းဆောင်နေသော သူများပါ သိရှိစေရန်အလို့ငှါ "ညီငယ်အရာရှိသို့ ပေးစာ" ဟူသော ဤအိတ်ဖွင့်ပေးစာအား ရေးသားလိုက်ရပါသည်ခင်ဗျား...ဤကား စကားချပ်။
သုစိ ပုဘာ၊ ဝိလိ သိ ဓာ အက္ခရာစွဲသုံး
ဤရှစ်လုံးကို သီကုံးပန်သွင်၊နေ့တိုင်းဆင်လော့။
(ရှင်မဟာရဌသာရ)
သို့
ညီငယ်...
"သုဏေယျ➡နာကြားရာ၏၊စိန္တေယျ➡ ကြံစည်ရာ၏၊ပုစ္ဆေယျ➡မေးမြန်းရာ၏။
ဘာသေယျ➡ပြောဆိုရာ၏၊ဝိစာရေယျ➡ စူးစမ်းဆင်ခြင်ရာ၏၊လိက္ခေယျ➡ရေးသားရာ၏၊သိက္ခေယျ➡လေ့ကျင့်ရာ၏၊ဓာရေယျ➡နှုတ်တက်ဆောင်ရာ၏"တဲ့ အခုညီငယ်က ကြံစည်၍ စူးစမ်းဆင်ခြင်နိုင်အောင် မေးမြန်းခြင်းအမှုရှိခဲ့သည့် အတွက် အကိုမှလည်း ပြောဆို၊ရေးသားခြင်းအမှုအား ပြုလိုက်ရပါသည်။နာကြား၊လေ့ကျင့်ပေလော။
အကိုတို့ လူတွေဟာဆိုရင် တစ်ဦးတစ်ယောက်ထဲနေထိုင်တတ်တဲ့ သက်ရှိများမဟုတ်ကြဘဲ လူ့ဘောင်လောကမှာ အသင်းအဖွဲ့နဲ့ နေထိုင်ခဲ့ကျတာဆိုရင်ကျောက်ခေတ်ထဲကပေါ့ကွယ်၊အဲ့လို လူ့ဘောင်လောကမှာ နေထိုင်နေရတဲ့အတွက် နေ့စဉ်လှုပ်ရှားရုန်းကန်သွားလာ ကြတဲ့အခါမှာ တစ်ဦးနှင့် တစ်ဦး၊တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်နို်င်ငံနှင့် တစ်နိုင်ငံ ပေါင်းသင်းဆက်မှု ပြုကြရတာပေါ့။အဲ့လို ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ လူတစ်ဦးရဲ့ပေါင်းသင်းဆက်ဆံတတ်မှု၊ အလိုက်သိတတ်မှု၊ ပြောဆိုနေထိုင်တတ်မှုနဲ့ ယဉ်ကျေးမှုတွေဟာ မိမိတွင်သာမက အခြားသူများရဲ့နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ လောကဓံတိုက်ပွဲဆင်နွဲမှုကိုပါ များစွာသာယာငြိမ့်ငြောင်းသက်သာစေပါသတဲ့ ညီငယ်ရေ။အထူးသဖြင့် ညီတို့ အကိုတို့လို ၂၄နာရီပြည့်တာဝန်ထမ်းဆောင် နေကြရတဲ့ နိုင်ငံဝန်ထမ်းများအတွက်ဆိုရင်တော့ ပို၍တောင် အဓိပ္ပါယ် မရှိပေဘူးလား။
ရာထူး၊အဆင့်အတန်း အလိုက်ကြီးလေးသော တာဝန်ကိုယူထားကြရတဲ့ နိုင်ငံခေါင်းဆောင်နဲ့ အကြီးအကဲတွေ၊နိုင်ငံဝန်ထမ်းတွေဟာဆိုရင် လူတန်းစားအလွှာ အသီးသီး နှင့် ပြောဆိုဆက်ဆံနေကြရတဲ့အတွက် လူမှုရေးရာ ယဉ်ကျေးမှု ဓလေ့ကျင့်ထုံးများကို သိရှိလိုက်နာဖို့ ပိုလို့ပင် အရေးကြီးတာပေါ့။
တစ်ခုသတိထားရမှာက ညီတို့အကိုတို့လို နိုင်ငံ့ဝန်ထမ်းတွေဟာ မိရိုးဖလာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအပြင် ဌာနက ချမှတ်ပေးထားတဲ့ ဌာနဆိုင်ရာအထက်အောက် ရိုသေလေးစားမှုတွေ၊ဓလေ့ထုံးစံတွေပါ တစ်ပါတည်း လိုက်နာကြရတယ်ဆိုတာ သတိချပ်ထားရမယ်။ညီငယ်ဟာမိမိနိုင်ငံတွင်းမှာ တာဝန်ထမ်းဆောင်နေစဉ်မှာ မိမိဌာနတစ်ခုတည်းကိုကိုယ်စားပြုပေမယ့်လို့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်များသို့ ပညာတော်သင်သွားရောက်ရတဲ့အခါမှာ မိမိရဲ့ဌာနသာမက မိမိရဲ့နိုင်ငံတော်၊လူမျိုး၊ဘာသာ၊သာသနာကိုပါ ကိုယ်စားပြုတယ်ဆိုတာလည်း သတိချပ်ထားဖို့လိုပါတယ်။ဒါကြောင့် အရာရှိတစ်ဦးရဲ့ပြောဆိုနေထိုင်မှု၊ယဉ်ကျေးမှုနှင့်ပေါင်းသင်းဆက်ဆံတတ်မှုတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါတာပေါ့ကွာ။
အကို့အနေနဲ့ ညီတို့လိုအရာရှိတွေ တာဝန်ချိန်တွေမှာဘယ်လိုလိုက်နာကျင့်သုံးနေထိုင်ရမယ်ဆိုတာနှင့် တာဝန်ချိန်ပြင်ပမှာ လူမှုရေးရာ လိုက်နာကျင့်သုံးနေထိုင်ရမယ့်အချက်တွေ ကို ပြောပြသွားမယ်။ပထဦးစွာအနေနှင့် တစ်ကိုယ်ရေသန့်ရှင်း သပ်ရပ်မှုနဲ့ပတ်သတ်လို့ အနည်းငယ် သင်ကြားပြောပြပေးမယ်။
ညီတို့် တွေကို အရာထမ်းလောင်းလျာဖြစ်တဲ့သင်တန်းသား ဘဝထဲကအရိုးစွဲအောင်လေ့ကျင့်ပေးလိုက်ပြီးဖြစ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဘဝတစ်သက်တာလုံးလိုက်နာကျင့်သုံးသွားဖို့လိုအပ်တယ်။
ညီတို့တွေသင်တန်းဆင်းလို့ လုပ်ငန်းနယ်ပယ်ရောက်ရင် ဌာနဆိုင်ရာ အထက်အရာရှိတွေနဲ့တွေ့ဆုံမှုတွေရှိကြမှာဖြစ်တယ်။အဲ့ဒီလိုတွေ့ဆုံရာမှာ ဆံပင်ကအစ ဝတ်စားဆင်ယင်မှုအဆုံးသပ်ရပ် သန့်ရှင်းနေဖို့လိုအပ်တယ်။ဦးခေါင်းကနေစပြောရမယ်ဆိုရင် ဌာနဆိုင်ရာဦးထုတ် သန့်ရှင်းနေရမယ်။ဆံပင်သတ်မှတ်ပုံစပ်အတိုင်း သေသပ်သပ်ရပ်စွာညှပ်ထားရမယ်။မုတ်ဆိတ်၊နှုတ်ခမ်းမွှေးများပြောင်စင်အောင်ရိတ်သင်ထားရမယ်။ဌာနဆိုင်ရာဝတ်စုံကို မီးပူထိုးထားရမယ်။အကယ်၍ အရပ်ဝတ်ဝတ်ဆင်မယ်ဆိုရင်လည်း အိနြေ္ဒရစွာဝတ်စားဆင်ယင်ပါ။ဖိနပ်နှင့် ခါးပတ်ခေါင်းကို တောင်ပြောင်နေအောင်တိုက်ချွတ်ထားဖို့ကိုလဲမမေ့အပ်ပေဘူး။
ညီ တွေ့ဆုံနေရတဲ့ အထက်အရာရှိဟာ မိမိ၏တိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့ပုဂ္ဂိုလ်(သို့)အဟန့်အတားပြုနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာမမေ့အပ်ပေးဘူးလို့ ပြောကြားရင်းစာလည်းရှည်ပြီဖြစ်တဲ့အတွက် ဒီမှာပဲရပ်ထားအုံးမယ်။
မင်းရဲ့
👮စီနီယာ...
Photo credit google
Written by @zinminhtet
MSC-126