ကြီးပွားချင်သလား
Credit image from
#လောက၌ လူတိုင်းလူတိုင်း ကြီးပွားချမ်းသာချင်ကြသည်ဟုဆိုလျင် မှားလိမ့်မည်။အဘယ်ကြောင့်ဆိုသော် မိမိ၏ လက်ရှိဘဝကို ကျေနပ်ရောင့်ရဲနေတတ်သောသူများလဲရှိသောကြောင့်ဖြစ်သည်။ကြီးပွားဖို့အတွက် ပထမဦးစွာကြီးပွားချင်စိတ်တော့ ရှိရန်လိုအပ်ပေမည်။ကြီးပွားရေးလမ်းညွှန်တို့သည်လည်း ပေါများလှပေသည်။အောင်မြင်ကြီးပွားရေး စာရေးဆရာများရှိသလို၊အောင်မြင်ကြီးပွားရေး ဆရာများလည်း များစွာရှိလှပေသည်။သို့သော် ထိုဆရာများကိုယ်တိုင် ကြီးပွားနေကြသူရှိပေမယ့် မကြီးပွားကြသူများလည်းရှိသည်။ထို့ကြောင့် ကြီးပွားရေး နည်းလမ်းများကို သိယုံနဲ့မပြီး လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးနိုင်သူနည်းသောကြောင့် ဟုသာ ကျန်ုပ်အနေဖြင့် သုံးသပ်မိပါသည်။သင်ကော အောင်မြင်ကြီးပွားရေးစာပေတွေ မည်မျဖတ်ခဲ့ပြီးပြီလဲ။ဖတ်သာဖတ်ခဲ့သည် လိုက်နာကျင့်သုံးဖို့ မဝံ့မရဲ ဖြစ်နေရင်တော့ အောင်မြင်ကြီးပွားရေးလမ်းစက ဝေးနေလိမ့် အုံးမည်ဖြစ်သည်။လူအများစု ကြီးပွားချင်သော အကြောင်းအချက် သုံးချက်ခန့်ရှိပေလိမ့်မည်။ထိုအရာကား သြဇာ၊အာဏာ၊အဿပြာ ဟူ၍ဖြစ်၏။သုံးခုလုံး(သို့မဟုတ်)နှစ်ခုကိုလိုလားတောင့်တသူရှိနိုင်သလို ထိုအချက်တွေထဲက တစ်ခုကို specialize ကြီးပွားချင်သူလဲရှိပေမည်။
Credit image from
#ထိုသုံးချက်ထဲတွင် သြဇာနှင့်အာဏာ တူသယောင်ယောင် ရှိပေမယ့် အနည်းငယ်တော့ကွာခြားသည်။သြဇာရှိသည်ဆိုသည်မှာ အာဏာရှိခြင်းမဟုတ်ပေ။သြဇာသည် မိမိဘာသာ လုပ်ယူရ၏။အနစ်နာခံခြင်း၊စွန့်လွတ်တတ်ခြင်း၊ကျောသာရင်သားမခွခြားပဲ ပြုမူဆောင်ရွက်တတ်ခြင်းတို့ကြောင့် အများအပေါ် အလိုလို သြဇာငြောင်းတတ်တာမျိုးဖြစ်သည်။သြဇာရှိမှုသည် အာဏာရသကဲ့သို့ ရာထူးနေရာနှင့်မသက်ဆိုင်ပေ။အာဏာရှိသူ သည် ၄င်းအားပေးအားထားသော အာဏာအား ပြန်လည် ရုတ်သိမ်းချိန်တွင် လူအများလေးစားခြင်း ခံချင်မှ ခံရမည်။အာဏာမရှိတော့ချိန်တွင် ထိုသူမှာ ဗလာနတ္ထိဖြစ်၏။ သြဇာရှိသူကတော့ မည်သို့သော် အချိန်နေရာတွင်မဆို ထိုသူ၏ သြဇာသည် ဖုံးလွမ်းနိုင်၏။ဥပမာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အာဏာမရခဲ့သော်လည်း သြဇာကြီးမားခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော် သြဇာကို အာဏာရော ကြီးမားသူလည်း ရှိတန်ရာ၏။
အောင်မြင်ကြီးပွားလိုသူတိုင်းထိုအချက်များကိုမဖြစ်မနေဦးတည်ကြမည်မှာမလွဲပင်ဖြစ်သည်။ထို့ကြောင့်အောင်မြင်ကြီး ပွားလိုသူ များ လိုက်နာအပ်သည့် အချက် ၅ချက်အား ကျန်ုပ်တင်ပြပါမည်_
ဆက်လက်ဖော်ပြပါမည်
@zinminhtet
Msc.126