ကြီးပွားချင်သလား ၊အပိုင်း(၂)

Words
120
Reading
1 min
Listen
Play
8y

၁။ ရည်ရွယ်ချက်,ရည်မှန်းချက် ထားပါ
image
#ဆောင်ရွက်ဖွယ်ရာမည်သည့်ကိစ္စမဆို ရည်ရွယ်ချက်တော့ရှိတန်ကောင်း၏။ကျောင်းသင်ခန်းစာတစ်ခုမှာပင် သင်ကြားရခြင်း၏ ရည်ရွယ်ချက်ဟူ၍ရှိသည်။စစ်ပွဲတစ်ခုကို စတင်ဆင်နွဲလျင်လည်း မည်သည့်အတွက်ကြောင့် တိုက်ရန်ဟူသော ရည်ရွယ်ချက်ရှိရသည်။မိဘများ သားသမီး များကို ကျောင်းထားပေးခြင်းကလည်း စာတတ်မြောက်စေရန်၊စဉ်းစားတွေးခေါ်မှု ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက်ရှိသည် မဟုတ်လော။သုံးလောက ထွဋ်ထား မြတ်စွာဘုရားပင်လျင် ဘုရားဖြစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘဝအဆက်ဆက် ပါရမီဖြည့်တည်ကာ ကြိုးစားအားထုတ်တော်မူခဲ့လေသည်။ထို့ကြောင့် သင့်အနေနှင့် အောင်မြင်ကြီးပွားချင်သည် ဆိုပါက တိကျသော ရည်ရွယ်ချက်၊ခိုင်မာသော ရည်မှန်းချက် ဦးစွာချမှတ်ဆောင်ရွက်ရမည်ဖြစ်သည်။ချမှတ်ထားသော ရည်မှန်းချက်များကိုလည်း အဆင့်လိုက် အဆင့်လိုက် ပြီးပြတ်အောင်မြင်အောင် မဆုတ်မနစ်သောဇွဲ၊ လုံ့လနှင့် ဆောင်ရွက်ရမည်။တိကျသောရည်ရွယ်ချက် မရှိခြင်းဟာ စန္ဒရား ပေါ်တွင်ကြောင် လျောက်သကဲ့သို့ပင် ဖြစ်နေလိမ့်မည်။
Credit image from
#သင်ဟာ steemit မှာစာရေးရင်းဖြင့် steem power 500 ပြည့်မှီအောင် စုမည်ဆိုပါစို့။ထိုသို့ဆိုလျင် သင့်အနေဖြင့် ပထမဦးစွာ သတင်းရရှိအောင် ဆောင်ရွက်ရပေမည်။မည်သို့သော်သတင်းစုရမည်ဆိုသော် crypto currencies များ၏ ဈေးကွက်အခြေအနေကို သင့်အနေဖြင့် သိရှိအောင်စုံစမ်း ရမည်။ဈေးကွက်၏ အတက်အကျသတင်းကိုချင့်ချိန်နိုင်ခြင်းဖြင့် သင့်ရည်မှန်းချက်ကို အမြန်အကောင်ဖော်နိုင်မည်ဖြစ်သည်။ထို့မှ သာ sbd နှင့် steem အပြောင်းအလဲ ပြုလုပ်ရာတွင် သင့်အနေဖြင့် ဈေးကွက်ကိုချင့်ချိန်ပြုလုပ်တတ်ခြင်းကြောင့် အမြတ်အစွန်းပိုထွက်လာခြင်းဖြင့် steem 500 ပြည့်မှီအောင် စုရန် အခွင့်အလမ်းပိုလာပေမည်။

#ထို့အတူကုန်ပစ္စည်းတစ်ခုကိုဈေးကွက်ထဲ ဖြန့်ချိတော့မည်ဆိုလျင်လည်း သတင်းသည် အရေး ကြီးသည်။ သင့်ကုန်ပစ္စည်းနှင့်ပတ်သတ်သော သတင်းအချက်အလက်များ ရယူနိုင်လေကောင်းလေဖြစ်သည်။သတင်းရယူရာတွင် ပြိုင်ဘက်လုပ်ငန်းရှင်များ၏ ဈေးကွက်ထိုးဖောက်မှုအခြေအနေသတင်း နှင့် မိမိ၏ စီးပွားရေးပါတနာများ မိမိကုန်ပစ္စည်းအပေါ် ဈေးကွက်အတွင်းရှိ သုံးစွဲသူများထံမှ ပြန်လာသော သတင်းစကားသည်လည်း အရေးကြီးသည်။သင့်ထံမှာ ခိုင်လုံသော သတင်းအချက်အလက်များရရှိလာလျင်တော့ တိကျသောရည်မှန်းချက်ကို ချမှတ်ရတော့မည်ဖြစ်သည်။စာအုပ်တစ်အုပ်ကို ဖွင့်၍ သင်ဟာ ဘယ်နေ့၊ဘယ်ရက်မှာ(ဥပမာ-steem 500ပြည့်မီရမည်(သို့)သင့်ရဲ့ကုန်ပစ္စည်းကို ဈေးကွက်အတွင်းမည်မျှဖြန့်ဖြူးနိုင်ရမည်)ဟုချရေးလိုက်ပါ။အရေးကြီးသည်မှာ သင်ရေးသားသော ရည်မှန်းချက် တိုင်းသည် "ရမည်"ဟူသော အဆုံးသတ်ဖြင့်တိကျခိုင်မာသောအားမာန်ရှိနေရမည်ဖြစ်သည်။
##ဆက်လက်ဖော်ပြပါမည်......
image

zinminhtet@zinminhtet
MSC.126

ကြီးပွားချင်သလား ၊အပိုင်း(၂) | Ecency