အမုန်း
Credit image
အချစ်ဆိုတာ💏 ပိုင်ဆိုင်ရမှ
အချစ် မဟုတ်သလို
ပေးဆပ်တိုင်းလည်း 🙍♂️အချစ် မဟုတ်ပါဘူး..
တစ်ခါတလေတော့ ကိုယ်ချစ်ရသူကို
ချစ်နေခွင့် ရယုံလေးနဲ့
👨ကျေနပ်နေရတဲ့ အခါလည်းရှိတတ်ပါတယ်။
သူရှိနေတဲ့ဆိုတဲ့ ခံစားချက်လေးနဲ့လည်း
ကြည်နူးနေရတဲ့အခါလည်း ရှိတတ်ပါတယ်။
ချစ်ခြင်းမေတ္တာတရားဆိုတာ ဘယ်သူ့ကိုပဲ💗ချစ်လိုက်ပါ၊💔မုန်းလိုက်ပါဆိုပြီး ဘယ်သူကမှ အမိန့်ပေးစေခို်င်းလို့်မရတဲ့
💘နှလုံးသားရဲ့ တစ်နေရာက ဖြစ်ပေါ်လာတဲ့
ခံစားချက်လေ။
လူတစ်ယောက်ကို အတိတ်ကအကြောင်းအရာတွေကြောင့်
နာကျဉ်းမုန်းတီးစိတ် ဖြစ်မိတယ်ဆိုရင်တော့
အဲ့လူနဲ့ ပတ်သတ်ပြီး မေ့မရနိုင်သေးလို့ပေါ့။
တကယ်လို့ ဥပေက္ခာသာ ထားနို်င်ခဲ့ပြီဆိုရင်
အဲ့ဒီလူအပေါ် ဘာခံစားချက်မှ ရှိနေတော့စရာ မလိုဘူးလေ။
Credit image
ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကြားမှာ
ငါကပဲ လူမိုက်ကြီးလုံးလုံး ဖြစ်ခဲ့ရတယ်ဆိုရင်
နင်ပြန်ပေးတဲ့ အမုန်းကို ကျေကျေနပ်နပ်နဲ့ ခံယူပါတယ်။
ဘာပဲဖြစ်ဖြစ် ငါ့အတွက် နင့်ဆီမှာ မုန်းတီးခြင်းဆိုတဲ့ ခံစားချက်လေးရှိနေသေးတာ ငါကျေနပ်ပါတယ်......။
@zinminhtet
Msc.126