ထူခြားဆန်းကျယ်သောနဂါးပလ္လင်ကြီး

Words
105
Reading
1 min
9y
Listen to this post
~1 min

19875504_454657828223593_233340363722121951_n.jpg

သဲအင်းဆရာတော်ကြီး၏ကျေးဇူးကိုဆပ်ရန် သစ်တောဝန်ထောက်ကြီးသည် ပဲခူးရိုးမတောနက်ကြီးထဲရှိ ရှားပါးလှသော သစ်ကနက်ပင်ကြီးများကို ရအောင်ရှာလေသည်။ (2 1/2)'ခန့်ရှိသစ်တုံးများလုပ်၏ နဂါးပလ္လင်ကြီးဖြစ်အောင် တပည့်များကိုထွင်းထုစေသည်။ ဖြုတ်၍ သိမ်းနိုင်သော ကြီးမားလှသည့် နဂါးပလ္လင်ကြီးကို ဆရာတော်ကြီးသို့ လာရောက်လှူဒါန်းလေတော့သည်။
သစ်တောဝန်ထောက်၏ ကြီးမြတ်သောသဒ္ဓါတရားကို ဆရာတော်ကြီးက လက်ခံတော်မှုခဲ့သည်။ ''ဦဇင်းမှတစ်ပါး--မည်သူမှ ဒီပလ္လင်ပေါ်မတက်စေနဲ့''
ိံ''သီလ-သမာဓိ-ပညာ မပြည့်စုံဘဲဒီပလ္လင်ပေါ်မှာတရားဟောရင်နဂါးမင်းကြီးကခွင့်
ပြုမှာမဟုတ်ဘူး''
''အန္တရာယ်ရှိတယ်'' ဟုပညတ်တော်မူခဲ့သည်။

19875597_454657858223590_8593585483775995000_n.jpg

1967 ခုနှစ် တောင်ဥက္ကလာပ တရားပွဲတွင် တရားဟောရန် ပထမဆုံး နဂါးပလ္လင်ကြီးကို ကြိုတင်တပ်ဆင်ထားသည်---ညပိုင်းတွင် တရားဟောမည့်ကွင်းအနီးပတ်လည်ရှိရပ်ကွက်မှာ လူများသည် ထူးဆန်းသောအသံများကြားရတော့၏
ရွှီ--ရွှီ--ရွှီ ဟူသောမြွေတို့၏အသံပေါင်းစုံသည် နဂါးပလ္လင်ကြီးဆီသို့ လာရောက်ဦးခိုက်ကြသည်။
ပျော်ရွှင်မြူးနေကြ၏ များပြားလှသော မြွေကြီးများကို ကြောက်ရွံ့ကြ၍ ညန့်နက်ပိုင်းတွင် ထိုအနီးသို့မည်သူမျှမကပ်ဝံ့ကြ။ အိမ်တံခါးများကို လုံခြုံစွာပိတ်ထားရ၏။
ဆရာတော်ကြီး (3)ရက်တရားပွဲပြီးသောအခါ ရက်ကွက်မှ တာဝန်ရှိသူများက
အလွန်အသက်ဝင်သော နဂါးပလ္လင်ကြီးကို
ကြောက်ရွံ့ကြ၍ အမြန်ပြန်သယ်ရန် မေတ္တာရပ်ခံကြသည်။
နဂါးပလ္လင်ကြီးကို စနစ်တကျဖြုတ်သိမ်း
ပြီး မှော်ဘီသဲအင်းဂူ ရှိဂိုဒေါင်ထဲတွင် အလုံပိတ်ထားပြီးသေချာစွာသော့ခတ်သိမ်းထားကြရသည်။

19905068_454657874890255_3787996896176556626_n.jpg

နှစ်များစွာကြာပြီး 1973 ခုနှစ် ဆရာတော်ကြီးခန္ဓာဝန်ချပြီး ရုပ်ကလပ်တော်အား အများပူဇော်ကြရန်ထားစဉ် ---တစ်ည၌
မှော်ဘီမြို့ သဲအင်းဂူ၌ ထူ့းခြားစွာ ---မိုးကြီးသည်းထန်စွာ ရွှာချတော့၏။ သဲအင်းကျောင်းတစ်ခုလုံးရေများသွားလို့မရအောင် ရေများပြည့်လျှံသွား၏ နံနက်တွင်လှေများဖြင့်သာငွားရ၏
''နဂါးပလ္လင်ကြီးသိမ်းထားသောဂိုင်ဒေါင်တံခါးသည် ဟာလာဟင်းလင်းပွင့်နေခဲ့၏ နဂါးပလ္လင်ကြီးကား ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပေသည်''---- နဂါးမင်းကြီးက သူ့ပစ္စည်းကိုသူ ပြန်ယူသွားခဲ့ပေသည်။
လူ့လောက၍ ထိုက်တန်သူမရှိပေလား---
ယနေ့ထက်တိုင် နဂါးပလ္လင်ကြီး၏ သတင်းကား လုံးဝမကြားရတော့ပါ အိမ်မက်ပမာ---ဒဏ္ဏာရီ ပုံပြင်သဖွယ်ဖြစ်နေပါတော့သည်
''ဆရာတော်ကြီးစီးသော မာစီဒီး ကားထားသောဂိုဒေါင်ကဘာမှမဖြစ်''
[နဂါးပလ္လင်ပေါ်တွင်တရားဟောခဲ့သူ မှာအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား နှင့် သဲအင်းဂူဆရာတော် သာရှိသည်ဟုမှတ်သားရပေသည်]

ထူခြားဆန်းကျယ်သောနဂါးပလ္လင်ကြီး | Ecency