ကျွန်တော့်တို့လူမျိုးများသည် ရိုးရာအစဉ်အလာများကို ထိမ်းသိမ်းကာ နေထိုင်ကြသည်။ငယ်ငယ်ကထဲက သွန်သင်ဆုံးမမူများအပေါ်လိုက်၍ လူကောင်းလူဆိုးကွဲပြားကြပေသည်။
ထို့ကြောင့်ငယ်စဉ်က ဆုံးမမူများသည် ကလေးငယ်၏ စိတ်ဓါတ်နှင့်အနာဂတ်ကို ပုံဖော်ပေးသလိုဖြစ်နေသည်။ဆုံးမသွန်သင်ရာတွင်ကလေးငယ်ကို ရိုက်နှက်ပြောဆို ဆုံမပေးခြင်း ကြောက်လန်အောင်ခြောက်၍ဆုံးမခြင်းမျညးထက် အကျိုးအကြောင်းကို နားလည်သဘောပေါက်အောင် ရှင်ပြပြောဆိုကာ ဆုံးမပေးခြင်းက သာ၍ကောင်းမွန်မည်ဖြစ်ပါသည်။
ဥပမာပြောရလျှင် ကလေးငယ်တစ်ယောက် ထမင်းစားသေားအခါ ထမင်းလုံဖိတ်စင်သောအခါ လူကြီးသူမများက ဆုံးမကြသည်။ကဲ့သို့ဆုံးမကြရာတွင် တစ်ချို့သောလူကြီးသူမများက ကလေးငယ်ကို ထမင်းလုံးဖိတ်၍ရိုက်နှက်ကာ နောက်မဖိတ်အောင်စားဟု ဆုံးမကြသည် တစ်ချို့ ထမင်းလုံးတေဖိတ်၍ ညဘက်တွင်ထမင်းလုံးတဆေ ခြောက်ခံရမည်ဟု ကလေးငယ်အားခြောက်လှန့်၍ ဆုံးမကြသည်။ထိုသို့ဆုံးမခြင်းထက် ကလးငယ်အား ထမင်းဆိုတာပိုက်ဆံနဲ့ပေးဝယ်ထားရာတာ အောက်ကျလို့ခြေထောက်နဲ့နင်းမိရင် ကပ်စေးကပ်စေးဖြစ်တယ် ယင်ကောင်တေ ပုရွက်ဆိတ်တေလာတယ် ဒါကြောင့်မဖိတ်အောင်စားဟု ကြောင်းကျိုးပြက ဆုံးမသင့်ပေသည်။
ရိုက်နှက်၍ဆုံးမခြင်းသည် ကလေးငယ်၏စိတ်ကို အနှုတ်ဖက်သို့ ဦးတည်သွားစေသည်။ဒီလူကြီးငါငယ်တုန်းမို့ ကြီးလာရင်ငါ့အကြောင်းသိစေရမယ် စိတ်ထဲတွင်တေးမှတ်ကာ ကြီးလာသောအချိန်တွင် ထိန်းသိမ်းမရဖြစ်သွားတက်ကြပေသည်။ထိုအခါလူမူပတ်ဝန်းကျင်တွင်ဆိုးမိုက်စာရင်းသွင်းကာ ပြစ်ပယ်ခြင်းခံရမည်။ပြစ်ပယ်ခြင်းခံရပါက ပတ်ဝန်းကျင်ကိုအရွဲတိုက်ကာ ဘယ်သူကိုမှဂရူးစိုက်စရာမလို ဟုမှတ်ယူကာထင်ရာစိုင်းကြတော့သည်။
ခြောက်လှန်ဆုံးမခြင်းက ကလေးငယ်၏စိတ်ကို သိမ်ငယ်စေသည့်အပြင် ရင်ထဲ၌အကြောက်တရားကို အမြစ်တွယ်သွားစေသည်။ငယ်စဉ်ကတည်းက ကျွန်တော်တို့တစ်တွေကို အကြောင်းအကျိုးပြ၍ဆုံးမခြင်းထက် ခြောက်လှန်၍ဆုံးမသည်က ပိုများသည်။
အကြောက်တရာကို စိတ်ထဲကစွဲနေသောကြောင့် တစ်ခုလုပ်လိုက်ရင် မှားများမှားသွားမလား မှားသွားရင်ရောဆိုသော အတွေးဖြင့်မှားမည်ကိုကြောက်ကာ ဘာမှမလုပ်ဘဲနေကာ လူဖျင်းလူညံ့တစ်ယောက်ဖြစ်သွားနိုင်ပါသည်။လူတိုင်သည်အမှားနှင့်ကင်းသည်မဟုတ်ပါ မှားမည်ကိုကြောက်စရာမလိုပါ အမှားကိုအမှားဟုလက်ခံနိုင် ဖို့ကသာအရေးကြီးပါသည်။လူတိုင်းလူတိုင်း မိမိပတ်ဝန်းကျင်ကို မှန်ကန်သောနည်းလမ်းများဖြင့် ဆုံးမနိုင်ကြပါစေ။
MSC 249
@zawhtet