Chelsea Got 3 Points

Words
177
Reading
1 min
Listen
Play
23d

Week 1 ရဲ့ နောက်ဆုံးပွဲစဉ်ကိုတော့ ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသွားခဲ့၏။ Liverpool သရေ၊ Man United, Tottenham တို့ ရှုံးပွဲတွေ ကြုံဆုံခဲ့ရသဖြင့် Chelsea အသင်းကိုလည်း စိတ်ပူမိသေး၏။ သို့ပေမဲ့ နည်းပြသစ် Xabi Alonso ရဲ့ ပွဲဦးထွက် ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ ဖွင့်လှစ် နိုင်ခဲ့၏။ လွယ်လွယ်ကူကူ အနိုင်ရခဲ့ခြင်းတော့ မဟုတ်ပေ။ London မြို့ခံ အသင်းချင်း တွေ့ဆုံသည့် ပွဲစဉ်မို့ အကြိတ်အနယ် ရှိခဲ့၏။

ဦးဆောင်ဂိုးကို ဧည့်သည် Chelsea အသင်းက ပွဲအစ ၁ မိနစ်မှာတင် ရယူနိုင်ခဲ့၏။ ၂၃ မိနစ်မှာ အိမ်ရှင် Fulham က ချေပဂိုး ပြန်လည် သွင်းယူ၏။ ၄၁ မိနစ်မှာ Chelsea အသင်းက ဦးဆောင်ဂိုး ပြန်လည် သွင်းယူပြီး ပထမပိုင်းကို ၁-၂ ဖြင့် ဦးဆောင်ထားခဲ့၏။

ဒုတိယပိုင်း ၄၉ မိနစ်မှာ Chelsea တို့ ဦးဆောင်ဂိုး ထပ်မံသွင်းယူပြီး ၁-၃ ဖြင့် ပွဲကို ဦးဆောင်ထားခဲ့၏။ သို့ပေမဲ့ ၅၄ မိနစ်မှာ အိမ်ရှင် Fulham က ချေပဂိုး ၁ ဂိုး ပြန်လည်ရယူကာ ၂-၃ ဆိုသည့် ကျဉ်းမြောင်းသည့် ရလဒ်ကို ဖန်တီးထားနိုင်ခဲ့၏။ လက်ကျန် မိနစ်တွေမှာတော့ Fulham ကလည်း ချေပဂိုး မသွင်းနိုင်၊ Chelsea ကလည်း အနိုင်သေချာမယ့် နောက်ထပ် သွင်းဂိုးတွေကို သွင်းယူနိုင်ခြင်း မရှိဘဲ ၂-၃ ဖြင့်သာ ပွဲပြီးသွားခဲ့၏။

Week 1 တခုပဲ ကြည့်ပြီး အသင်းတွေ သုံးသပ်ဖို့ရာ အချိန်အားဖြင့် စောလွန်းနေသေးသည် ဆိုပေမဲ့ ယခင် ခြေစွမ်းနဲ့ တည်ငြိမ်မှုကို ထိန်းထားနိုင်သည့်အသင်းဆိုလို့ Arsenal တသင်းထဲသာ မြင်မိသေး၏။ United အနေဖြင့် မနှစ်က စွမ်းဆောင်မှုမျိုး မတွေ့ မမြင်ရသေးပေ။ နည်းပြ Michael Carrick အနေဖြင့် ကောင်းမွန် တည်ငြိမ်သော ပုံစံတခုကို ပုံဖော်ပေးနိုင်ဖို့ လိုမည် ဖြစ်၏။

Liverpool, Man City, Chelsea တို့ အနေဖြင့် နည်းပြသစ်တွေနဲ့ အချိန်တိုအတွင်း အထိုင်ကျနိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ သူများ အသင်းတွေထားပါ။ ကိုယ့် United က အဖွင့်ပွဲ အနေအထားအရ မစွံပေ။ နောက်တန်းကို ပြင်ဆင်မှု မလုပ်ထားခြင်းကို စိတ်ပူမိ၏။ ရောင်းထုတ်သင့်သည့် ကစားသမားများကို ရောင်းထုတ်ပြီး ဖြည့်တင်းသင့်သည့် နေရာများကို သေချာလေး အင်အား ဖြည့်တင်းဖို့ လိုမည် ဖြစ်၏။

(photos from EPL page)

Chelsea Got 3 Points | Ecency