သုံးလောကထွတ်ထားမြတ်ဘုရားရှင်သည် တိတ္ထိတို့အားနှိမ်းနှင်းရန် တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် မိခင်တော်စပ်ဖူးသောမယ်တော်နတ်သားနှင့်တကွ နတ်ဗြဟ္မာတို့အား တရားဒေသနာဟောရန် တာဝတိံသာနတ်ပြည်သို့ကြွချီကာ ဝါကပ်တော်မူသည်။သုံးလောကဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင်ရှိသော ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်တွင် ဝါကပ်တော်မှုရင်း နတ်အပေါင်းတို့အား နက်နဲတော်မူလှသောအဘိဓမ္မာတရားကို ဝါတွငါးသုံးလကာလလုံးဟောကြားတော်မူသည်။
နတ်ပြည်၌ဝါကပ်တော်မူ၍ တရားဒေသနာကိုဟောကြားရာတွင် န့ခင်းဖက်၌ နိမိတ္တဘုရားတစ်ဆူကိုဖန်းဆင်းပြီး ဟောစေ၍ဘုရားရှင်သည် လူပြည်သို့ဆင်းကာ ဆွမ်းခံခြင်း ဆွမ်းဘုန်းပေးခြင်းတို့ပြုလုပ်ပြီး စန္ဒကူတော်၌စံပါယ်တော်မူရင်း နတ်ပြည်၌ဟောကြားတော်မူသော အဘိဓမ္မာတရားတော်ကို ရှင်သာရိပုတြာကိုဟောကြားတော်မူ၍ ညဘက်တွင်တာဝတိံသာနတ်ပြည်၌တရားဟော်တောမူလေသည်။
ဘုရှင်သည်အဘိဓမ္မာတရားသည် နက်နဲလွန်းသောကြောင့် လူသားတို့အား မဟောပြဘဲနတ်တို့ကိုသာဟောတော်မူ၏။ရှင်သာရိပုတြာကိုယ်မြတ်ကြီးသာလျှင်ဥာဏ်ပညာကြီးမာတော်မူ၍ ဟောပြတော်မူ၏။ရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးက ပြန်လည်ဟောပြတော်မူသောကြောင့်လူပြည်တွင် အဘိဓမ္မာတရားနော်ကိုနားကြားရခြင်းဖြစ်သည်။
ဝါတွင်းသုံးလကာလပတ်လုံး ဘုရားရှင်ဟောသမျှကို ရှင်သာရိပုတြာက ရဟန်းတော်ငါးရာကို နေ့စဉ်ပြည်လည်၍ဟောပြတော်မူ၏။ရဟန်းတော်ငါးရာမှာတစ်ဆူသောဘုရားရှင်လက်ထက်တွင် လင်းနို့သားဘဝဖြင့် အဘိဓမ္မာတရားဒေသနာတော်ကို နားကြာခဲ့ဖူးသောကြောင့်ကုသိုလ်ကြောင့် ယခုဘဝတွင်အဘိဓမ္မာတရားကို နတ်များနှင့်အတူ နာကြားရခြင်းဖြစ်ပေသည်။ယခုကျွန်တော်တို့လူ့ပြည်တွင် အဘိဓမ္မာသင်တန်းကို သင်ကြားခွင့်ရခြင်းသည် ရှင်သာရိပုတြာကျေးဇူးကြောင့်ဖြစ်ပေသည်။ကျွန်တော်သိသလောက်ကြိုးစား၍ရေးသားထားခြင်းဖြစ်ပါသည်။လိုအပ်ချက်များ အလွဲများရှိခဲ့ပါကလည်းထောက်ပြဝေဖန်ပေးကျပါရန်မေတ္တာရပ်ခံအပ်ပါသည်။စာဖတ်သူအပေါင်းကျန်းမာချမ်းသာကြပါစေ။
MSC249
@zawhtat