မြန်မာတွေရဲ့ သင်္ကြန်

Words
31
Reading
1 min
Listen
Play
8y

myanmar-new-year-water-festival.jpg
photo credit - MoeMaKa

နှစ်​​ဟောင်းကုန်​၍နှစ်​သစ်​သို့ပင်​​ရောက်​ရှိခဲ့​ချေပြီ။သင်္ကြန်​မှာ​ကုသိုလ်​ရှာသူ၊အ​ပျော်​လွန်​သူစသည်​ဖြင့်​အမျိုးမျိုး​ကျော်​ဖြတ်​ခဲ့ကြ​ပေသည်​။သင်္ကြန်​တွင်း၌အ​ပျော်​လွန်​သူ၊အ​ပျော်​အပါးမက်​၍ဘဝနိဂုံးချုပ်​၍နှစ်​သစ်ကိုမကြိုဆိုလိုက်​ရသူများလည်းဒုနှင့်​​ဒေးရှိ​ပေလိမ့်​မည်​။မစည်​ကား​​ကောင်း​သော​နေရာ​ဆေးရုံ​ဆေးခန်းများ၌စည်​ကားခဲ့ကြသည်​။အရက်​၊မူးယစ်​​ဆေးစသည်​တို့​ကြောင့်​သင်္ကြန်​တွင်​ဘဝပျက်​သူများလည်းရှိ​ပေလိမ့်​မည်​။လျှပ်​​ပေါ်​လော်​လီသူ့ထက်​ငါ sexy ကျရန်​ဝတ်​ဆင်​ရင်းသင်္ကြန်​၏သရုပ်​အားအကျီးတန်​ရုပ်​ဆိုး​​အောင်​ပြုမူခဲ့သူများလည်းရှိ​ပေလိမ့်​မည်​။ကျေးလက်​​တောရွာများ၌မူမြန်​မာ့ရိုးရာသင်္ကြန်​၏အ​ငွေ့အသက်​များကျန်​ရှိ​နေ​ပေ​သေးသည်​။

DSCN2109.JPG
photo credit - su-lay.blogspot.com

အုန်းလက်​မဏ္ဍပ်​​လေးများဖြင့်​မုန့်​လုံး​ရေ​ပေါ်စသည့်​စတုဒီသာ​ကျွေးသူများ၊သက်​ကြီးဝါကြီးများအား​ရေကန်​​တော့ခြင်း၊​ခေါင်း​လျှော်လက်​သည်းညှပ်​စသည်​ဖြင့်​ကုသိုလ်​ယူ​နေကြ​ပေ​တော့သည်​။မည်​သို့ပင်​ဆို​စေကာမူသင်္ကြန်​သည်​​နွေရာသီအထိမ်းအမှတ်​သ​င်္ကေတတစ်​ခုပင်​ဖြစ်​​ပေသည်​။ပူပြင်း​ခြောက်​​သွေ့​သော​နွေရာသီ၏သက်​ဝင်​လှူပ်​ရှား​​ရေးဆွဲ၍မမီနိုင်​​သောပန်းချီကားတစ်​ချပ်​လည်းဖြစ်​​ပေသည်​။
သင်္ကြန်​၏သ​င်္ကေတပိ​တောက်​ပန်းက​လေးများ၏အလှသည်​ကားစာဖွဲ့၍မကုန်​နိုင်​​အောင်​ရှိလှ​ပေသည်​။ရွှေဝါပိ​တောက်​ပန်းက​လေးများနှင့်​တူးပို့တူးပို့​တေးသံသာများကားကမ္ဘာတွင် ​မြန်​မာတစ်​နိုင်​ငံတည်း၌ရှိ​သောမနှိုင်းယှဉ်​အနုပညာ​မြောက်​​တေးသံသာများပင်​ဖြစ်​သည်​။

0002-crd-daw-Ohn-MarOo.jpg
photo credit - ဧရာဝတီ

သင်္ကြန်​​တေးသံဟုဆိုလိုက်​လျှင်​ဂန္တဝင်​​တေးဂီတပညာရှင်​ဆရာမြို့မငြိမ်းအားမျက်​စိထဲမြင်​​ယောင်​မိခဲ့သည်​။မန်း​တောင်​ရိပ်​ခိုသီချင်းနှင့်​သင်္ကြန်​ပွဲ​တော်​သည်​​ခေတ်​အဆက်​ဆက်​၌မရိုးနိုင်​​သောလိုက်​ဖက်​ဆုံး​တေးသံပင်ဖြစ်​ခဲ့​လေသည်​။မြန်​မာ့ရိုးရာသင်္ကြန်​သည်​မြန်​မာ့တို့၏၁၂လရာသီပွဲ​တော်​များ၌အထူးခြားဆုံး​သောပွဲ​တော်​တခုဖြစ်​​ပေသည်​။နှစ်​သစ်​ကူးပွဲ​တော်​အ​မြောက်​အမြား၌မြန်​မာတို့၏သင်္ကြန်​ပွဲ​တော်​သည်​တုနှိုင်းမမီပွဲ​တော်​တခုဖြစ်​​ပေသည်​။ထို့​ကြောင့်​မြန်​မာရိုးရာသင်္ကြန်​ပွဲ​တော်​၏ဂုဏ်​ကျက်​သ​ရေအားယုတ်​​လျော့မသွား​စေရန်​ထိန်းသိမ်း​စောင့်​​ရှောက်​ရမည်​မှာမြန်​မာလူမျိုးတိုင်း၏တာဝန်​ပင်​ဖြစ်​သည်​။သင်္ကြန်​ကာလ၌မူးယစ်​ရမ်းကား၍ခိုက်​ရန်​ဖြစ်​ပွားခြင်း၊မ​ပေါ့်တ​ပေါ်အဝတ်​အစားများ၊သရုပ်​ပျက်​အဝတ်​အစားများဝတ်​ဆင်​ခြင်းသည်​သင်္ကြန်​၏ပုံရိပ်​အားထိခိုက်​​စေ​ပေသည်​။ရိုးရာယဉ်​​ကျေးမှူအားအစဉ်​ထိန်းသိမ်း၍မြန်​မာ့ရိုးရာသင်္ကြန်​အားထိန်းသိမ်း​စောင့်​​ရှောက်​ကြပါဟုတိုက်​တွန်းနိုး​ဆော်​၍ဤ​ဆောင်းပါးအားနိဂုံးချုပ်​လိုက်​ရ​ပါ​တော့သည်​။

maxresdefault.jpg
photo credit - you tube

90.jpg

ချစ်လှစွာဖြင့်
ဇာမဏီ ဇော်လင်း - (နေပြည်တော်)
zarmanizawlinn@zarmanizawlinn
MSC-210

IMG_20160726_223306.jpg