ဒီအထဲပွဲ ကြိုက်သူဘယ်နှစ်ယောက်ပါလဲဗျ
ဒီပုံမြင်တော့ငယ်ငယ်ကဘဝလေးပြန်မြင်ရောင်မိလို့ဗျ ။ငယ်ငယ်တုန်းကကျွန်တော့အဒေါ်အပျို ကြီးတွေကပွဲတအားဝါသနာပါတာပါ့လား၊ပွဲ ကြည့်ပြီဆို
ရေနွေးဓာတ်ဘူးနဲ့ ဂျင်းသုပ် လ္ဘက်သုပ်နဲ့ ကြိမ်ခြင်းတောင်းထဲကိုထည့် စောင်တွေတပွေတပိုက်ကြီးနဲ့ပွဲ
ကြည့်သွားကြရတာ သတိယမိသေးတယ်၊နောက်ဆုံးမိုးလင်းနေထွက်သည်အထိကြည့်ကြတာ ခုတော့လဲသူတို့အသက်တွေရကုန်ကြပြီလေ၊အိမ်မှာတော့တီဗွီကြည့်ကြတာပေါ့၊ ဒါပေမဲ့ဇာတ်ပွဲ ကြည့်ရတာနဲ့တီဗွီကြည့်ရတာမတူဘူးလေ၊အရသာတမျိုးဆီပေါ့၊နဲနဲများရွာလှမ်းရင်တော့ နွားလှည်းတွေနဲ့ အဖွဲ့လိုက်သွားကြတာ ကျွန်တော်တိုဆီမှာ နံမယ်ကြီးဇတ်ပွဲတွေငှားတဲ့ဘုရားပွဲတွေဆိုရင်နွားလှည်းတွေကိုတန်းစီလို့ပျော်စရာတအားကောင်းခဲ့တယ်။