အညာဒေသရဲ့အစားအစာလေး

Words
37
Reading
1 min
Listen
Play
5y

မိတ်ဆွေတို့နယ်တွေမှာတော့မသိဘူး။
ငါတို့ပခုက္ကူနယ်ဘက်မှာတော့ ငယ်ငယ်တုံးကရွာမှာဒီအကောင်လေးတွေစားခဲ့ဘူးတယ်။ ကျွန်တော်တို့ဆီမှာတော့ ပလူကောင်လို့ခေါ်တယ်၊အရသာကချိုဆိမ့်မွှေးလေး အတော်အရသာရှိတယ် တချို့ဒေသတွေက စားစမရှိတော့မစားကြဘူး ရွံကြသတဲ့။
မိုးဦးကျအချိန်မှာ တောင်ပို့တွေကအုပ်စုလိုက်ထွက် မီးအရောင်ရှိတဲ့နေရာမှာအုံလိုက်ကျင်းလိုက်လာကြတာ၊ ဘယ်ရမလည်းကိုတွေက ကလေးဆိုတော့ ရေဇလုံထဲရေထည့် ရေခလယ်ကောင်မှာ ကျောက်ခဲခံပြီးရေနံဆီးမီးခွက်တင်ပြီးမီးထွန်းထားတာ။ ပြစ်ထားလိုက် မနက်ကြတော့ ပလူကောင်တွေရေထဲမှပြုတ်ကျကုန်တာ နိုဆီဘူးနှစ်ဘူးသုံးဘူးလောက်ရတယ်၊နောက်ပြီးဒယ်အိုးထဲထည့်လျှော် စကောနဲ့တောင်ပံတွေပြာပစ်လိုက်၊နောက်အကောင်လေးတွေဘဲကျန်တယ်။မုံရွာတွင်းတောင်ကထွက်တဲ့တွင်းပိုးထက်ကြီးတယ်။ ဆီမထည့်ဘဲလှော်တာတောက်မှ အဆီကိုပျံနေတာဘဲ၊နောက်ပြီးကြက်သွန်ဖြူဓါးပြားရိုက် ဆီသတ် ထည့်ကြော် ရေနွေမြည်း အတော်စားကောင်းပါတယ် ချိုဆိမ့်မွှေးလေး။
မစားဘူးလို့ စားစမရှိတဲ့သူမျာကတော့ ရွံစရာလို့ထင်မှာ အဲ့ဒီလူတခါလောက်စားကြည့် မောင်ကြံ တစ်တို့ တစ်တို့ ဖြစ်သွမယ်၊စားဘူးတာနောက်ကျလေခြင်းဖြစ်သွားမယ်။😁😁😁

img_0.987607263565945.jpg

https://adcorto.xyz/fmDf2N22VrUVa

အညာဒေသရဲ့အစားအစာလေး | Ecency