မပြီးသေးတဲ့ကျွန်တော်တို့ရွာကသင်္ကြန်

Words
76
Reading
1 min
Listen
Play
8y

ယူနီကုတ်
မပြီးသေးတဲ့ကျွန်တော်တို့ရွာကသင်္ကြန်
image

အားလုံးပဲမင်္ဂလာပါခင်ဗျား။
ဒီနေ့ဟာ၂၀၁၈ခုနှစ်ဧပြီလ၁၇ရက်အင်္ဂါနေ့ဖြစ်ပါတယ်။
ကောဇာသက္ကရာဇ်၁၃၈၀ခုနှစ်ကဆုန်လဆန်း၃ရက်နေ့ဖြစ်ပါတယ်။
image
ဒီနေ့ဟာကောဇာသက္ကရာဇ်၁၃၇၉ခုနှစ်ကနေပြီးတော့ ၁၃၈၀ ကို ကူးပြောင်းတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင်တော့မြန်မာနှစ်ဆန်းတစ်ရက်နေ့ပဲဖြစ်ပါတယ်။
image

image

image
သင်္ကြန်အကြိုနေ့ကစလို့၊အကျနေ့၊အကြတ်နေ့၊အတက်နေ့ဆိုပြီးလေးရက်လုံးလုံးသင်္ကြန်မှာရေကစားပြီးအားလုံးလည်းပင်ပန်းနေကြမယ်ထင်ပါတယ်။
image
မနေ့ကအတက်နေ့၊သင်္ကြန်ရဲ့နောက်ဆုံးနေ့ဆိုတော့ပိုပြီးတော့ကဲကြလိမ့်မယ်ထင်ပါတယ်။
ဒီနေ့တော့အားသစ်တွေပြန်ပြီးမွေးကြရမယ့်နှစ်ဦးရဲ့ပထမဆုံးရက်တစ်ရက်ဖြစ်ပါတယ်။
ကျွန်တော်လည်းသင်္ကြန်တွင်းမှာစတီးမစ်ပို့စ်ရေးသားခြင်းကိုနားထားခဲ့ပါတယ်။
ဒီနေ့တော့သင်္ကြန်လည်းပြီးသွားပြီဆိုတော့ပြန်ပြီးတော့ရေးအုံးမယ်စိတ်ကူးပြီးရေးကြည့်တာပါ။
image
ဒီနေရာမှာသင်္ကြန်ပြီးသွားပြီဆိုလို့ပြောစရာတစ်ခုရှိပါတယ်။
တော်တော်များများကတော့မနေ့ကသင်္ကြန်အတက်နေ့ပြီးရင်သင်္ကြန်ပြီးကြပါတယ်။
image
ကျွန်တော်တို့ရွာမှာက အတက်နေ့ပြီးလို့မပြီးသေးပါဘူး။
ဒီနေ့နှစ်ဆန်းတစ်ရက်နေ့တစ်ရက်ကျန်ပါသေးတယ်။
ဒီနေ့လည်းရေပက်ကြတုန်းပါ။
သူများတွေပြီးသွားတဲ့ဒီနေ့မှာကျွန်တော်တို့ရွာကမပြီးသေးပါဘူး။
image
အစည်ကားဆုံးရက်တစ်ရက်လို့တောင်ပြောလို့ရပါတယ်။
ဘေးရွာတွေကပါလာပြီးရေကစားကြတဲ့နေ့ပါ။
စတုဒီသာကျွေးကြတဲ့သူတွေကလည်းဒီနေ့အထိကျွေးကြတုန်းပါ။
အမှန်ကတော့ဒီနေ့ကကျွန်တော်တို့ရွာမှာဘုရားရေသပ္ပါယ်ကြတဲ့နေ့ပါ။
တောထဲမှာရှိတဲ့ဝမ်းတော်ဘုရားကိုသွားပြီးရေသပ္ပါယ်ကြတာပါ။
ရွာနဲ့တစ်မိုင်မရှိတစ်ရှိလောက်ဝေးပါတယ်။
အဲဒီမှာဘုရားသွားရင်းလမ်းမှာကေကစားကြတာပါ။
ဘုရားဝိုင်းထဲမှာရေကိုစက်နဲ့မောင်းပေးထားပါတယ်။
ဘုရားရေသပ္ပါယ်ကြပြီးတာနဲ့ရေကစားကြပါတယ်။
လူတွေကအရမ်းစည်ပါတယ်။
image
တစ်ခြားရွာကသူတွေကလည်းသူတို့ရွာမှာသင်္ကြန်မရှိတော့တဲ့အတွက်ကျွန်တော်တို့ရွာဘက်ကိုလာပြီးရေကစားကြတဲ့အတွက်ပိုပြီးတော့စည်ပါတယ်။
image
သူ့အရပ်နဲ့သူ့ဇာတ်ပျော်နေကြပါတယ်။
ဗဟုသုတအနေနဲ့မျှဝေပေးတာပါ။
နှစ်သစ်မှာစိတ်သစ်လူသစ်နှင့်ဘဝကိုလွယ်ကူချောမွေ့စွာဖြတ်သန်းနိုင်ကြပါစေ။
image

​ေဇာ္​ဂ်ီ
မၿပီး​ေသးတဲ့ကြၽန္​​ေတာ္​တို႔ရြာကသၾကၤန္​

အားလံုးပဲမဂၤလာပါခင္​ဗ်ား။
ဒီ​ေန႔ဟာ၂၀၁၈ခုႏွစ္​ဧၿပီလ၁၇ရက္​အဂၤါ​ေန႔ျဖစ္​ပါတယ္​။
​ေကာဇာသကၠရာဇ္​၁၃၈၀ခုႏွစ္​ကဆုန္​လဆန္​း၃ရက္​​ေန႔ျဖစ္​ပါတယ္​။
ဒီ​ေန႔ဟာ​ေကာဇာသကၠရာဇ္​၁၃၇၉ခုႏွစ္​က​ေနၿပီး​ေတာ့ ၁၃၈၀ ကို ကူး​ေျပာင္​းတဲ့​ေန႔တစ္​​ေန႔ျဖစ္​ပါတယ္​။
တနည္​းအားျဖင္​့​ေျပာရရင္​​ေတာ့ျမန္​မာႏွစ္​ဆန္​းတစ္​ရက္​​ေန႔ပဲျဖစ္​ပါတယ္​။
သၾကၤန္​အႀကိဳ​ေန႔ကစလို႔၊အက်​ေန႔၊အၾကတ္​​ေန႔၊အတက္​​ေန႔ဆိုၿပီး​ေလးရက္​လံုးလံုးသၾကၤန္​မွာ​ေရကစားၿပီးအားလံုးလည္​းပင္​ပန္​း​ေနၾကမယ္​ထင္​ပါတယ္​။
မ​ေန႔ကအတက္​​ေန႔၊သၾကၤန္​ရဲ႕​ေနာက္​ဆံုး​ေန႔ဆို​ေတာ့ပိုၿပီး​ေတာ့ကဲၾကလိမ္​့မယ္​ထင္​ပါတယ္​။
ဒီ​ေန႔​ေတာ့အားသစ္​​ေတြျပန္​ၿပီး​ေမြးၾကရမယ္​့ႏွစ္​ဦးရဲ႕ပထမဆံုးရက္​တစ္​ရက္​ျဖစ္​ပါတယ္​။
ကြၽန္​​ေတာ္​လည္​းသၾကၤန္​တြင္​းမွာစတီးမစ္​ပို႔စ္​​ေရးသားျခင္​းကိုနားထားခဲ့ပါတယ္​။
ဒီ​ေန႔​ေတာ့သၾကၤန္​လည္​းၿပီးသြားၿပီဆို​ေတာ့ျပန္​ၿပီး​ေတာ့​ေရးအံုးမယ္​စိတ္​ကူးၿပီး​ေရးၾကည္​့တာပါ။
ဒီ​ေနရာမွာသၾကၤန္​ၿပီးသြားၿပီဆိုလို႔​ေျပာစရာတစ္​ခု႐ွိပါတယ္​။
​ေတာ္​​ေတာ္​မ်ားမ်ားက​ေတာ့မ​ေန႔ကသၾကၤန္​အတက္​​ေန႔ၿပီးရင္​သၾကၤန္​ၿပီးၾကပါတယ္​။
ကြၽန္​​ေတာ္​တို႔ရြာမွာက အတက္​​ေန႔ၿပီးလို႔မၿပီး​ေသးပါဘူး။
ဒီ​ေန႔ႏွစ္​ဆန္​းတစ္​ရက္​​ေန႔တစ္​ရက္​က်န္​ပါ​ေသးတယ္​။
ဒီ​ေန႔လည္​း​ေရပက္​ၾကတုန္​းပါ။
သူမ်ား​ေတြၿပီးသြားတဲ့ဒီ​ေန႔မွာကြၽန္​​ေတာ္​တို႔ရြာကမၿပီး​ေသးပါဘူး။
အစည္​ကားဆံုးရက္​တစ္​ရက္​လို႔​ေတာင္​​ေျပာလို႔ရပါတယ္​။
​ေဘးရြာ​ေတြကပါလာၿပီး​ေရကစားၾကတဲ့​ေန႔ပါ။
စတုဒီသာ​ေကြၽးၾကတဲ့သူ​ေတြကလည္​းဒီ​ေန႔အထိ​ေကြၽးၾကတုန္​းပါ။
အမွန္​က​ေတာ့ဒီ​ေန႔ကကြၽန္​​ေတာ္​တို႔ရြာမွာဘုရား​ေရသပၸါယ္​ၾကတဲ့​ေန႔ပါ။
​ေတာထဲမွာ႐ွိတဲ့ဝမ္​း​ေတာ္​ဘုရားကိုသြားၿပီး​ေရသပၸါယ္​ၾကတာပါ။
ရြာနဲ႔တစ္​မိုင္​မ႐ွိတစ္​႐ွိ​ေလာက္​​ေဝးပါတယ္​။
အဲဒီမွာဘုရားသြားရင္​းလမ္​းမွာ​ေကကစားၾကတာပါ။
ဘုရားဝိုင္​းထဲမွာ​ေရကိုစက္​နဲ႔​ေမာင္​း​ေပးထားပါတယ္​။
ဘုရား​ေရသပၸါယ္​ၾကၿပီးတာနဲ႔​ေရကစားၾကပါတယ္​။
လူ​ေတြကအရမ္​းစည္​ပါတယ္​။
တစ္​ျခားရြာကသူ​ေတြကလည္​းသူတို႔ရြာမွာသၾကၤန္​မ႐ွိ​ေတာ့တဲ့အတြက္​ကြၽန္​​ေတာ္​တို႔ရြာဘက္​ကိုလာၿပီး​ေရကစားၾကတဲ့အတြက္​ပိုၿပီး​ေတာ့စည္​ပါတယ္​။
သူ႔အရပ္​နဲ႔သူ႔ဇာတ္​​ေပ်ာ္​​ေနၾကပါတယ္​။
ဗဟုသုတအ​ေနနဲ႔မ်ွ​ေဝ​ေပးတာပါ။
ႏွစ္​သစ္​မွာစိတ္​သစ္​လူသစ္​ႏွင္​့ဘဝကိုလြယ္​ကူ​ေခ်ာ​ေမြ႔စြာျဖတ္​သန္​းႏိုင္​ၾကပါ​ေစ။
G_20180408_0919068.gif

အားလံုးက်န္​းမာခ်မ္​းသာၾကပါ​ေစ။
ရဲသီဟ​ေက်ာ္​
yethihakyaw@yethihakyaw
17.4.2018,Tue

မပြီးသေးတဲ့ကျွန်တော်တို့ရွာကသင်္ကြန် | Ecency