Hello Everyone. Nice To Meet You Again.
ကျွန်တော်ဒီတပတ်ရေးသားချင်တဲ့ အကြောင်းအရာလေးတခုကို ပထမ အစ အနေနဲ့ နိဒါန်းပျိုးချင်ပါတယ်။ဟုတ်ကဲ့ပါ အစ ပထမ အနေနဲ့ ပြောချင်တာလေးက မိသားစုတိုင်းမှာတော့ ပြသာနာ ကိုယ်စီ ရှိကြတာတော့ အမှန်ပါ။
အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။
လင်မယား အချင်းချင်း ဖြစ်စေ၊မောင်နှမ အချင်းချင်း ဖြစ်စေ၊ သူငယ်ချင်း အချင်းချင်း ဖြစ်စေ တခါတရံ သဘောထားကွဲလွဲမူကနေတဆင့် ပြသာနာ ဆိုတာ ဖြစ်ပေါ်လာတတ်သည်။ အခန့်မသင့်ရင် တသက်လုံး စကားမပြောမဆိုတဲ့အထိ ဖြစ်နိုင်ပါတယ်။ဒီလို ပြသာနာတွေကို ပြေလည်အောင် ဘယ်လို ဖြေရှင်းကြမလဲ။အဖြေရှာကြည့်ရအောင်လားဗျာ။
ဘယ်လို စတင် အဖြေ ရှာရမလဲဆိုတော့။ ပြသာနာ ဘယ်ကဘယ်လို စဖြစ်တာလဲဆိုတာ သိဖို့လိုလိမ့်မယ်။
ဥပမာ တခုအနေနဲ့ တင်ပြရမယ်ဆိုရင် လင်မယား နှစ်ယောက် ရန်ဖြစ် တယ်ဆိုပါစို့ ။ အကြောင်းတခုခု မတိုက်ဆိုင်တာက တဆင့် ရန်ဖြစ်တယ် ထားပါတော့ ။အဲ့လို သေးငယ်တဲ့ ပြသာနာ မျိုး တွေကို မဖြေရှင်းနိုင်းဘူးဆိုရင်တော့ ရေရှည်လက်တွဲဖို့ မဖြစ်နိုင်ပါဘူး။ဒီလို ပြသာနာ မျိုးဆိုရင်တော့ ဖြေရှင်းရလွယ်ပါတယ်။ တယောက်နဲ့တယောက် သဘောထားမတိုက်ဆိုင်တဲ့ အကြောင်းအရာ ကို သေချာ စိတ်အေးလက်အေးနဲ့ ညှိနိုင်းတိုင်ပင်သင့်သည်။ သူမကြိုက်တာကို ရှောင် ၊ကိုယ့်ဘက် လျော့သင့်ရင် လျော့၊ သူ့ဘက်လျော့သင့်ရင့် လျော့၊ အလိုက်ထိုက်နေပြီး ဆက်ဆံပါက ထို ပြသာနာ က ပြေလည်ပါလိမ့်မည်။
ဒီလို ပြသာနာ သေးငယ်တာတွေက အစ ကြီးကြီးမားမား
ပြသာနာ တွေတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ ဒါကို ကြည့်တတ် မြင်တတ်ဖို့ဘဲ လိုပါလိမ့်မည်။ပြသာနာတိုင်းကို
ဒေါသ နဲ့ချည်း မဖြေရှင်းဘဲ စိတ်ကို အေးဆေးတည်ငြိမ်စွာနဲ့ ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားသသ့်တယ်။တယောက်နဲ့ တယောက် ဒေါသနဲ့ ဖြေရှင်းနေပါက ဘယ်တော့မှ ပြေလည်စေမည်မဟုတ်ပါ။အမှန်ကိုလည်း မြင်နိုင်မည်မဟုတ်ပါ။ဘယ်လို ပြသာနာဘဲ ရှိနေပါစေ လောကမှာ မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုတာ မရှိပါဘူး။ အဖြေကိုမသိသေးတာဘဲရှိပါတယ်။ တချို့ ကိစ္စတွေမှာတော့ ကိုယ့်ဘက်က မမှားပေမယ့် အလျော့ပေးပြီး ဆက်ဆံရတာမျိုး
လည်းရှိနိုင်ပါတယ်။ ဒါပေမယ့် လူဆိုတာတော့ သည်းခံ နိုင်တဲ့ ပမာဏ အထိဘဲ ကောင်းပါတယ်။အဲ့ထက်ကျော်လွန်ရင်တော့ မလိုလားအပ်တဲ့ ပြသာနာ တွေပေါ်ပေါက်
လာနိုင်ပါတယ်။
နောက်တခု ပြောချင်တာက တော့ တယောက်နဲ့ တယောက် ယုံကြည်မူ ရှိခြင်းပါဘဲ။ လူတယောက်ဟာ သူ့ကို ယုံကြည်မူ ကင်းမဲ့သွားပြီဆိုရင် အဲ့လူရဲ့ ဘဝဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။အဓိက အားဖြင့် လင်မယားတခုမှာ တယောက်ကို တယောက် သံသယ မထားဘဲ ယုံယုံကြည်ကြည်နဲ့ နေနိုင်ဖို့ က အရေးကြီးဆုံးအချက်ပါ။ဒါမှသာ သူဘာလုပ်လုပ် သံသယမထားဘဲ နေမှ ပျော်ရွှင်သော မိသားစုလေးတခု ကို ပိုင်ဆိုင်နိုင်မှာပါ။
အဲ့တာကြောင့် လူတယောက်ရဲ့ ယုံကြည်မူ ကို ဘယ်သောအခါမှ အလွဲသုံးစား မလုပ်မိကြစေရန် တိုက်တွန်းရင်း နိဂျူံး ခုတ်အပ်ပါသည်။
အားပေးတဲ့ လူများကိုလည်းကျေးဇူးအထူးတင်ပါသည်။
@yelinn
Msc-241