လက်နက်ဆိုသည်မှာ သေစေတက်တယ်လို့ဆိုတယ်နော် ဒါဆိုရင် ဆင်ကို လေးခွနဲ
ပစ်ခတ်ပါက သေဖို့ နေနေသာသာ အယားတောင် ပြေမည်မဟုတ်ပါဘူးနော်
သည်းခံခြင်းလက်နက်ဆိုသည်မှာ အကောင်းဆုံးသော လက်နက်ဖြစ်လေသည်။
သူတော်ကောင်းတိုင်း ကိုင်စွဲလျှက် လောက တိုက်ပွဲဝင်ခဲ့ကြလေသည်။ တိုက်ပွဲတိုင်း
တွင် အောင်မြင်ခဲ့ကြပါလေသည်။
အရာရာကို သည်းခံတက်ရန် ဆိုသည်ကတော့ လွယ်မည်မဟုတ်နိုင်ပါ
သို့သော်လည်း သည်းမခံနိုင်တော့သည့် အဆုံးအထိ သည်းခံနိုင်လေသောအခါ
အောင်မြင်ခြင်းသည် ရရှိလေတော့သည်။ သူတော်ကောင်းတို့သာ ကျင့်သုံးနိုင်သော
တရားလက်နက်လည်း မည်ပေသည်။
ကိုယ်တွေကတော့ စကားအဖြစ်သာ ပြောတက်ကြလေသည်။ တကယ်တမ်း
သည်းခံနိုင်သလားဆိုတော့လေ စကားအဖြစ်တောင် အတင်မခံနိုင် ချက်ချင်းပင်
အကြွေးမထား လက်စားချေတက်ကြပါလေသည်။
လောကတွင် သည်းခံခြင်းလောက် ကောင်းသောလက်နက်မရှိ ဆိုတာကိုတော့
သတိလေး မမေ့ရင်ဘဲ အတော် နေရာကျနေပြီပေါ့
@yadanar
photo - google image