ဂိမ်းကစားရင်ကောင်းမလား

yadanar(55)
Published in
#ecency
Words
89
Reading
1 min
Listen
Play
5y

စာတွေရေးနေတာနဲ့တင် မလုံလောက်ဘူးလို့ ထင်တယ် အခုဆိုရင်လေ သူများတွေ ဂိမ်းတွေ ကစားနေတာတွေ့တယ် ဂိမ်းတွေကနေ အကျိုးအမြတ်တွေ ရနေကြတယ်ဆိုတော့ အားကျစရာဘဲ ဂိမ်းကစားတာက စာရေးတာထက်တောင် ပိုမိုအလုပ်ဖြစ်တယ်လို့ သိရတယ်ပေါ့နော်
ဂိမ်းတွေကို ဘယ်လိုကစားရမလဲလို့ လိုက်ပြီးလေ့လာရတာပေါ့ ဂိမ်းတွေ ကစားပြီး ငွေရှာတယ်ဆိုတော့ ရယ်စရာတော့ နည်းနည်းကောင်းတယ်
သူများတွေလို လောင်းကစားလုပ်တာမျိုးလည်းမဟုတ်ဘူးလို့သိရတယ်
တကယ်လည်း အဲ့သလို လောင်းကစားဖြစ်နေမှာ စိုးတယ်ပေါ့နော်
လောင်းကစားလုပ်တာတော့ မကြိုက်ပါ မလုပ်တက်ဘူးပေါ့နော်
ဒါပေမယ့် အခုဂိမ်းကစားတာက လောင်းကစားလုပ်တာမျိုးမဟုတ်တာတွေ့ရတယ်
ကစားရတာလည်း ပျော်စရာကောင်းတယ် ဝင်ငွေလည်းရမယ်ဆိုတော့ အပျင်းပြေကစားလည်းရတယ် အဲ့သလိုဆိုတော့ အရမ်းစိတ်ဝင်စားနေမိတယ်
ကစားသူတွေကိုကြည့်လိုက်တော့လည်း အားရစရာအရမ်းကောင်းတယ်
ဒေါ်လာတွေ ထောင်ချီသောင်းချီအောင် ပိုင်ဆိုင်ထားကြတယ်တဲ့
အရမ်းအားကျတာဘဲ ဒါကြောင့် ဒီနေ့ ဂိမ်းကစားနိုင်ဖို့ ကြိုးစားကြည့်နေတာ
အခုတော့ သတင်းတွေ နဲ့ အချက်အလက်တွေ လိုက်ရှာကြည့်နေတယ်
စစချင်း ဆယ်ဒေါ်လာရင်းရမယ် ဒါမှ ကစားလို့ရမယ် ငွေရှာလို့ရမယ်ပြောတယ်
အခုအဲ့ဆယ်ဒေါ်လာက လက်ထဲမရှိသေးဘူး သူများဆီက ခဏငှားရမှာဘဲ
ကစားပြီး အမြတ်ရမှ ပြန်ပေးရမယ်
စာရေးတာလေးတွေကနေလည်းဖြည်းဖြည်းချင်း ပြန်ပေးလို့ရတာဘဲပေါ့နော်
စတင်းမွန်းစတားဂိမ်းလေးကို အရမ်းသဘောကျနေတာ
နောက်ရက်တွေတော့ စတင်းမွန်းစတား ဂိမ်းကစားတာလေးရေးဖြစ်မယ်ထင်တယ်
အခုထိတော့ မကစားရသေးဘူး ပိုက်ဆံ လိုနေလို့
ဆယ်ဒေါ်လာ ခဏငှားထားတာ ရောက်မလာသေးဘူး ရောက်လာရင်တော့ ဝင်ကစားလိုက်တော့မယ်
စာလည်း ရေးမယ် ဂိမ်းလည်းကစားမယ် အဆင်ပြေမယ်ထင်တာပါဘဲ
yadanar@yadanar

ဂိမ်းကစားရင်ကောင်းမလား | Ecency