စပါးစိုက်နေတဲ့လယ်သမားလူတန်းစားထဲမှာအလွှာအမျိုးမျိုးရှိတယ်ပေါ့
ပထမအလွှာကတော့ချမ်းသာတဲ့လယ်သမားတွေဖြစ်တယ်သူတို့ဟာကျေးလက်လူဦးရေရဲ့ငါးရာခိုင်နှုန်းဖြစ်တယ်လေတရုတ်ပြည်ရဲ့ချမ်းသာတဲ့လယ်သမားအများစုမှာမြေရှင်တပိုင်းလက္ခဏာရှိပါသည်သူတို့ဟာမြေတချို့ကိုတော့သီးစားချ၊ငွေတိုးလည်းပေးစားပြီးလယ်ယာလုပ်ကိုင်စားသူတွေကိုအညှာအတာကင်းမဲ့စွာသွေးစုတ်ကြပါသည်ဒါပေမဲ့သူတို့ဟာလယ်လုပ်ငန်းလုပ်ရာမှာကိုယ်တိုင်ပါဝင်လုပ်ကိုင်ကြတဲ့အတွက်သူတို့ဟာလယ်သမားထဲမှာအကြုံးဝင်နေလေသည်သူတို့ဟာမြေရှင်ဆန့်ကျင်ရေးအတွက်၊မြေယာတော်လှန်ရေးမှာကြားနေကြတဲ့အတွက်သူတို့ကိုမြေရှင်လူတန်းစားနဲ့အတူတူသဘောထားလို့မဖြစ်ဘူးပေါ့နော်
နောက်တစ်ခုကဒုတိယအလွှာလူတွေလေအလတ်တန်းစားလယ်သမားတွေပေါ့သူတို့ဟာတရုတ်ပြည်ကျေးလက်လူဦးရေရဲ့နှစ်ဆယ်ရာခိုင်နှုန်းဖြစ်တယ်လေသူတို့ဟာစီးပွားရေးအရစားနိုင်သောက်နိုင်သူတွေဖြစ်တယ်ဆိုတာသိရတယ်လေ တကယ်အဆင်ပြေကြတဲ့လူတွဖြစ်တယ်နော်