အသည်းခြောက်လို့ဆိုပြီးတော့ သူငယ်ချင်းရဲ့အဖေမနေ့ကဆုံးသွားတယ် သူ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်
သူ့ပညာရေးအတွက် ထိခိုက်သွားနိုင်တယ်လေ သူကတော့ ငိုနေတာကလွဲပြီး ဘာမှ မသိနိုင်သေးပါဘူး
သူ့အဖေက အရက်မသောက်ပါဘူး ဘာလို့အသည်းခြောက်တယ်ဆိုတာ စဉ်းစားမရဘူးလို့ ပြောနေကြတယ်လေ
အသည်းအကြောင်းမှတ်မိတာဖတ်ဖူးတာလေးတစ်ချို့တော့ ရှိပါတယ်။ ကိုယ်သိတာတော့ ရောဂါလက်ခဏာလေး
တွေအကြောင်းပေါ့ အသည်းခြောက် အသည်းပျက်ဖြစ်လာပြီဆိုရင်တဲ့ ခြေဖ၀ါးတွေ လက်ဖ၀ါးတွေနီမြန်းလာတက်ပါတယ်တဲ့
အထူးသဖြင့်တော့ လက်ချောင်း ထိပ်ကလေးတွေနဲ့ လက်ဖ၀ါးခုံတွေ ပေါ်မှာ နီတက်တယ်လို့ဆိုပါတယ် နောက်တစ်ခုက
လက်သည်းတွေဖြူလာတက်ပါတယ် အသည်းခြောက်တဲ့ လူတွေမှာ တစ်ခါတလေ လက်သည်းတွေဟာ အရမ်းကိုဘဲ ဖြူဖွေးနေ
တက်တယ်လို့ဆိုပါတယ် ဒီလိုဖြစ်တာကိုတော့ ရောဂါအခြေအနေအစလို့ဆိုနိုင်ပါတယ်။အသည်းခြောက်တဲ့ လူတိုင်းမဟုတ်
ပေမယ့် လူအတော်များများမှာ ဒီလိုလက်ခဏာတွေ ဖြစ်လာပါတယ် တစ်ခါတစ်ရံတော့ လက်သည်းတစ်ခုလုံးဖြူနေတာတော့
မဟုတ်ပါဘူး လက်သည်းထိပ်ပိုင်းမှာ ပန်းရောင်သန်းနေတဲ့ မူလ လက်သည်းေ၇ာင်လေး တော့နည်းနည်းလေးကျန်တက်ပါတ
ယ်တဲ့ ဒီလို အသည်းခြောက်လို့ လက်သည်းဖြူတာဟာဆိုရင် လက်နှစ်ဖက်လုံးမှာ ဖြစ်လေ့ဖြစ်ထရှိတက်ပါတယ် ဒါပေမယ့်
လည်း လက်မနဲ့ လက်ညှီုးမှာ ပိုအဖြစ်များတယ်လို့ဆိုပါတယ် လက်သည်းဖြူလာတာဟာ ဘယ်လိုအခြေအနေကြောင့် အသည်း
ခြောက်တယ်ဆိုတာတော့ ဖေါ်ပြမထားပါဘူး။ တကယ်လို့ ဒီလို အခြေအနေလေးတွေ ဖြစ်လာရင် ဂရုစိုက်ဖို့အရမ်းလိုအပ်မယ်
ထင်ပါတယ် အသည်းတစ်ခုမကောင်းဘူးဆိုရင် လူက သိပ်မကြာခင် လောက အလယ်ကနေ ထွက်ခွါသွားရမှာဖြစ်ပါတယ်
အသည်းကျန်းမာရေးသည် လူတစ်ယောက်အတွက် တကယ်ကို အရေးကြိးသော အစိတ်အပိုင်းဖြစ်ပါတယ် အသည်းခြောက်
လို့လက်ဖ၀ါးတွေနီလာတာကို အခုမှ ဖတ်ဖူးတာပါ အသည်းကျန်းမာရေးအတွက် ဆေးဝါးတွေကလည်း ဈေးကြီးပါတယ်
နေထိုင်စားသောက်မှု ပုံစံကို ဂရုစိုက်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် ၈ရုစိုက်နေထိုင်ခြင်းဖြင့်သာ အသည်းရောဂါကို ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်နော်။ အသည်းကြောင့် အခြားအစိတ်အပိုင်းများ အခြားရောဂါများလည်း ဖြစ်လာတက်ပါ
တယ်။
@yadanar
photo - google image