နိုင်ငံရေးသတင်း

wunna(36)
Published in
#esteem
Words
96
Reading
1 min
Listen
Play
9y

ဝစ္စနှစ်လုံးပြုတ်

မြန်မာသံရုံး ဖွင့်ထားသော နိုင်ငံပေါင်း
၃၆ နိုင်ငံရှိပါတယ်။
image
မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်ထားသော နိုင်ငံပေါင်း ၄၁ နိုင်ငံ ရှိပါတယ်။ အခြားနိုင်ငံများနှင့် ပူးတွဲ သံရုံးဖွင့်ထားသော နိုင်ငံပေါင်း ၃၈ နိုင်ငံရှိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံနှင့် သံတမန် ဆက်သွယ်သော နိုင်ငံပေါင် ၇၉ နိုင်ငံရှိပါတယ်။

လက်ရှိကြားဖြတ်သမ္မတ တက်လာချိန်မှာ ဝမ်းမြောက်ကြောင်း သဝန်လွှာပေးပို့တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိကြောင်း သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတရာထူးဆိုတာ အထွဋ်အထိပ်ပါ။ ဒီနေရာကို ရောက်လာတဲ့သူတွေကို သံတမန်ရေးအရ ဝမ်းမြောက်ကြောင်းသဝန်လွှာ ပေးပို့ခြင်းဟာလည်း နိုင်ငံတကာယဉ်ကျေးမှု တရပ်ပါပဲ။ သမ္မတသည် နိုင်ငံကို ကိုယ်စားပြုနေပါတယ်။ နိုင်ငံ့အရေးအရာ အားလုံး ဆုံးဖြတ်နိုင်ခွင့်ရှိသူ အဖြစ်လည်း လေးစားတန်ဖိုးထားကြပါတယ်။ နန်းတက်ပွဲမှာ သဝန်လွှာပေးပို့ခြင်းဖြင့် အသိအမှတ်ပြုမှုကိုလည်း ဖော်ပြနေပြန်ပါတယ်။
သမ္မတတစ်ဦးအပေါ် နိုင်ငံတကာရဲ့ သဘောထားကို ကြည့်မြင်နိုင်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ရှိသော နိုင်ငံပေါင်း ၇၉ နိုင်ငံမှာ ၆ နိုင်ငံသာ ဆိုတော့ နိုင်ငံတကာရဲ့ သဘောထားကတော့ ရှင်းနေပါတယ်။
အခု သမ္မတဟာ ရုပ်သေး သမ္မတ မဟုတ်ဘူးလို့ အာဏာရပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူကြီးကလည်း ဆိုထားပြန်တော့ နိုင်ငံတကာက ဘယ်လို ရှုမြင်မလည်းတော့ မတွေးတတ်တော့ဘူး။
နော်ဝေသံရုံးက မိတ်ဆွေတဦး ပြောတာကတော့ ဝစ္စနှစ်လုံး ဖြုတ်ပြီး ဖတ်လေတဲ့။ အဲဒီတော့ ရုပ်သေးသမ္မတ ကနေ ဘာဖြစ်သွားလည်း ဖတ်သာကြည့်ကြပေါ့။

နိုင်ငံရေးသတင်း | Ecency