အချိုးနဲ့အကွေ့
ညတွေရဲ့ စိမ့်အေးမှုဟာလည်း ပါးလျှခဲ့ပြီ
နွေဟာ သက်ပြင်းရှည်ကြီးတစ်ခုကိုမှုတ်ထုတ်လိုက်သလို
ရောက်ရှိလာခဲ့မယ်တဲ့..။
လေသင့်ရာ လွင့်နေတဲ့ သစ်ရွက်ကြွေတွေလိုလား
ရာသ်ီမှားထွက်မိတဲ့တိမ်တွေလိုလား
မြစ်ဆိုတဲ့အမည်နာမနဲ့ စီးဆင်းဖြစ်ရတဲ့ ရေတွေလိုလား
"ပိတောက်တွေပွင့်တော့မယ်.တဲ့"
"ညမွှေးပန်းတွေရော ဟင်"
"ဘာဆိုင်လို့လဲကွာ.."
သံသယတွေတဂျစ်ဂျစ်နဲ့
နံရံတွေရဲ့ပဲ့တင်သံတွေပါ..
သလိပ်များတဲ့ ဒိုးပတ်သံ ငါမကြားချင်ဘူးး
ခုတလော တံခါးခေါက်သံတွေအရမ်းကြားတာပဲ
အိမ်မပြန်တတ်တော့တဲ့ ငှက်တွေများလား
ဖြစ်တည်မှုဟာတစာစာနာ
တစ်ခုခုကိုဆွဲလှန်လိုက်ပစ်ဖို့တဲ့
ဒီလိုရာသ်ီမျိုးမှာမှ
ငါကလည်း စိုထိုင်းစများလွန်းလှတယ်..။
author by@wunna
msu no.55