ကောင်းသောအ​တွေး​တွေ ​တွေးပါ

watoke(32)
Published in
#esteem
Words
182
Reading
1 min
Listen
Play
9y

IMG_20180302_151506.jpg

'' ​ကောင်းသောအ​တွေး​တွေ ​တွေးပါ ''

အကောင်ူမမြင်ဘဲ အဆိုးမြင် တတ်တာ ဘာကြောင့်လဲ ဆိုတော့…
တချို့လူ​တွေစိတ်​ထဲမှာ ​မေတ္တာဖြစ်​​ပေါ်မလာဘူး။
ကရုဏာလည်း ဖြစ်​မလာဘူး။ မုဒိတာလည်း ဖြစ်​မလာဘူး။သီလ၊ သမာဓိလည်း ဖြစ်​မလာဘူး။ အဲဒီလိုလူ​တွေ ရှိတယ်​​နော်​။

အဲဒီလိုလူ​တွေဟာ ဘယ်​လို​ပြောလဲဆို​တော့ တစ်​​လောကလုံးမ​ကောင်းဘူး။ ငါလည်း မ​ကောင်းဘူး။

ကိုယ့်​ကိုယ်​ကိုယ် ​မ​လေးစားနိုင်​ရင်​ ဘယ်​သူ့ကိုမှ မ​လေးစားနိုင်​​တော့ဘူး။

ကိုယ့်​ကိုယ်​ကိုယ်​ အ​ကောင်းမမြင်​ရင်​ ဘယ်​သူ့ကိုမှ
အ​ကောင်းမမြင်​နိုင်​​တော့ဘူး။

ကိုယ့်​ကိုယ်​ကိုယ်​မှ မချစ်​ရင်​ ဘယ်​သူ့
ကိုမှလည်း မချစ်​ဘူး။

IMG_20180302_152205.jpg

အဲဒီလိုလူ​တွေကို.ကိုယ်​တိုင်​ ရင်းရင်းနှီးနှီး နှစ်​နဲ့ချီပြီး​တော့
တွေ့ခဲ့ ​ပြောခဲ့ဆိုခဲ့တာမို့လို့ သူတို့အ​ကြောင်း အ​သေးစိတ်
အကုန်​လုံး သိတယ်​။

တချို့လည်းပဲ တရားအားထုတ်​ရင်းနဲ့​နောက်​​တော့ 
မေတ္တာ ၊ ကရုဏာ​တွေလည်း ဖြစ်​လာတယ်​။

တရား​တွေလည်း သ​ဘော​ပေါက်​လာလို့ အဲဒီစိတ်​ထား​တွေလည်း
ပျောက်​သွားတဲ့ လူ​တွေရှိပါတယ်​။

ဒါ​ကြောင့်​ ကိုယ့်​စိတ်​ထဲမှာရှိတဲ့ ​ကောင်းတာ​လေး​တွေကို
ရှာကြည့်​ပါ။

မကာင်းတာမရှိဘူးလို့ မဆိုလိုဘူး​နော်​။
ရှိ​တော့ရှိပါတယ်​​။

ဒါ​ပေမယ့်​ ​ကောင်းတာ​တွေလည်း အများကြီးရှိပါတယ်​။
အဲဒီ​ကောင်းတာ​တွေကို ပို​ကောင်းလာ​အောင်​ တတ်​နိုင်​သ​လောက်​ကြိုးစားပါ။

သူများကိုကြည့်​ရင်​လည်းပဲ ​ကောင်းတာ​လေး​တွေ ရှာကြည့်​လိုက်​ပါ​နော်​။ 
သြော်​... သူက ဘယ်​​နေရာ​လေးမှာ ​ကောင်းတယ်​။
သူ့ရဲ့​ကောင်းကွက်​က​လေး​တွေကို မြင်​​အောင်​ကြည့်​ပါ။

အဆိုး​တွေမရှိလို့လားဆို​တော့ မဟုတ်​ပါဘူး။ အဆိုးလည်း ရှိပါတယ်​။
ကြည့်​တတ်​ရင်​ မြင်​ပါတယ်​။
ကြာကြာ​ပေါင်းရင်​​တော့ အကုန်​လုံး
မြင်​​တော့မှာပဲ​နော်​။

အဲဒါ​ကြောင့်​ တချို့လူ​တွေက ငါနဲ့ကြာကြာ​ပေါင်းရင်​ ငါ့အ​ကြောင်းအကုန်​သိမှာစိုးလို့ဆိုပြီး ဘယ်​သူနဲ့မှ မ​ပေါင်း​တော့ဘူး။ အဲဒီလိုလူ
တကယ်​ရှိတယ်​။ ကြာကြာ​ပေါင်းရင်​ ငါ့အ​ကြောင်းအကုန်​သိသွား
ပြီး ငါ့ကိုချစ်​မှာမဟုတ်​​တော့ဘူး။ အဲဒီ​တော့ကိုယ့်​အ​ကြောင်းသိမှာ
ကြောက်​တာနဲ့ပဲ မ​ပေါင်း​တော့ဘူး။

IMG_20180302_152205.jpg

အဲဒီလိုနဲ့ပဲ အထီးကျန်​အ​ဖော်​မဲ့
ဖြစ်​ပြီး​တော့. ​နောက်​ဆုံး​တော့ depression ဖြစ်​သွားတာပဲ။

ကိုယ့်​အ​ကြောင်းကိုယ်​ ​ကောင်းတာရှာ​တွေးပါ။
နေ့စဉ်​ ​ကောင်းတာ​တွေ လုပ်​ပါ။ ​ကောင်းတာ​တွေ ​ပြောပါ။
ကောင်းတဲ့စာ​လေး​တွေကို ဖတ်​ပါ။ ​ကောင်းတဲ့အ​တွေး​တွေ​တွေးပါ။ အဲဒီလိုဆိုရင်​ depression မဖြစ်​ဘူး။ သူများကို
ကြည့်​ရင်​လည်းပဲ ​ကောင်းတာ​လေး​တွေ ရှာကြည့်​ပါ။
အဲဒီလိုဆိုရင်​ depression မဖြစ်​ဘူး။
ဆိုလိုတာက မြင့်​မြတ်​တဲ့စိတ်​ဖြစ်​​နေရင်​ စိတ်​ဓာတ်​မကျဘူး ။

ဆရာ​တော်​ဦး​ဇောတိက(မဟာမြိုင်​​တောရ)

စာဖတ်သူ ဓမ္မမိတ်ဆွေများ အတွက်
ရည်ရွယ်ပြီး ဆရာတော်ဘုရားများ
ဟောပြလမ်းညွှန်ထားသောတရား တော်များမှအသိဉာဏ် ဗဟုသုတနှင့်
ကုသိုလ်တရားများစဉ်ဆက်မပြတ်တိုး
ပွားစေရန်နေ့စဉ် ဓမ္မအကြောင်းရာ
လေးတွေ မျှဝေ တင်ပြအပ်ပါတယ်
ဓမ္မမိတ်ဆွေများ အားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး
လိုရာဆန္ဒများ ပြည့်စုံကြပါစေသံသရာ
ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ
ကျွန်တော့်၏ Post များမှ ဓမ္မတရား
တော်​များကို အများသူငါဖတ်ရှုလေ့
လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်
ဆင့် ၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည် ခင်ဗျာဤဓမ္မဒါနကို
ဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အ
တွက်ကြီးစွာသောအထောက်အပံ့ဖြစ်
ပါရစေ . .

photo credit; goigle image

IMG_20180302_151522.jpg

ကောင်းသောအ​တွေး​တွေ ​တွေးပါ | Ecency