မိဘတို့၏ နောက်ဆုံး မျော်လင့်ချက်

wargyi(27)
Published in
#myanmar
Words
160
Reading
1 min
Listen
Play
9y

မိဘတို့၏ နောက်ဆုံးမျော်လင့်ချက်

ဒီအပ်ပေါက်ကလည်း ထိုးလို့ကိုမရဘူး
တစ်နေ့တစ်နေ့ ဒါကလည်းတစ်ဒုက္ခ ဟူးးးးး
ထုံးစံအတိုင်း အမေစက်ချုပ်တော့မယ်ဆိုရင်
ခဏခဏနေ့စဉ်ကြားနေရတဲ့အမေ့ငြီးသံ
ပေးပါအမေရာ ကျုပ်ကျွမ်းပါတယ် ဟဲဟဲ ဆိုပြီး ကျနော် အပ်ချည်ကို
အပ်ပေါက်ထဲ ထိုးပေးလိုက်ပါတယ်
ပြီး တဂျောက်ဂျောက်နဲ့ အမေ စက်ချုပ်နေပြီ
အဖေမရှိတဲ့နောက်ပိုင်း ဒီစက်လေးကိုချုပ်ရင်း အမေကျနော်တို့ မိသားစုကို ရှာကျွေးခဲ့သည်မှာ ခုချိန်ထိပင်
အခြား ဝင်ငွေရမည့် အလုပ်များလည်း ရှာဖွေလုပ်ရပေမယ့်
အမေ စက်မချုပ်ဖြစ်တဲ့ နေ့ကတော့ မရှိသလောက်ပင် လူမမည် သားသမီးလေးယောက်နဲ့ လောကအလယ်မှာ မိန်းမတစ်ယောက် ရပ်တည်ရှင်သန်ဖို့ အတော်ခက်ခဲခဲ့သည် စက်ချုပ်ရုံနဲ့ သားသမီးတွေ
ခါးမလှနိုင်တော့ အခြားအလုပ်များလည်း
ပင်ပင်ပန်းပန်းလုပ်ကိုင်ရှာကျွေးရင်း ဘဝကို ဖြန်သန်းလာလိုက်သည်မှာ ခုဆို မှောင်ရီပျိုးလာခဲ့လေပြီ
လောကဓံရဲ့ ခပ်ကြမ်းကြမ်း ရိုက်ခက်မှုတွေကြောင့် အရွယ်မတိုင်ခင်
အိုမင်းရင့်ရော်ခဲ့ရတဲ့ အမေ ခါးလေးတောင် မသိမသာကနေ
သိသိသာသာ ကိုင်းညွတ်လာခဲ့သော်လည်း သားသမီးတွေဖို့
ခွန်အားတွေရှိနေဆဲ အပြုံးတွေ လက်ဆက်နေဆဲ
အမေ့မေတ္တာတွေကတော့ စကားလုံးတွေနဲ့ ခိုင်းနှိုင်းဖို့
မဝံ့မရဲဖြစ်နေတုန်းပါပဲ မိဘကျေးဇူး နို့တစ်စက်ဖိုးတောင်
ပြည့်အောင် မဆပ်နိုင်သေးတာမို့ သားတစ်ယောက် မဝံ့မရဲဖြစ်တာ
ထိုက်တန်ပါတယ်အမေ
သုံးလောကဆရာသခင် ဘုရားရှင်တောင်မှ နို့တစ်လုံးဖိုးသာ
ကြေသည်ဆိုလျှင် ကျွန်ုပ်တို့လို ပုဂ္ဂိုလ်တွေသည် နို့တစ်စက်၏
ကျေးဇူးမျှ ကြေဦးမည် မဟုတ်ပေ သို့သော်လည်း မသေခင်
ဆပ်နိုင်သလောက် ဆပ်ဖို့ အင်မတန်မှ လိုအပ်လှသည်
မိဘတိုင်းသည် ကိုယ့်သားသမီးတွေဆီမှ မျော်လင့်ချက် သိပ်မထားပေ
သားသမီးတွေ ချမ်းသာတာ ကြီးပွားနေတာ မြင်နေရရုံဖြင့်
ပီတိဝေပြီး ကျေနပ်နေကြသူများသာဖြစ်သည်
သားသမီးတွေ အခက်ခဲဖြစ်နေပြီဆိုလျှင် မိဘများမှာ မနေသာ
တစ်ခုခု စီမံပေးသည်
မဖြစ် ဖြစ်အောင်လုပ်ပေးတတ်သည် သားသမီး မျက်နှာညိုးတာ
မမြင်ချင်ကြပေ အမြဲပျော်ရွှင်နေတာကိုသာ
မြင်နေချင်ကြသည် သြော်…… မေတ္တာကြီးမားပေတာကိုး
မိဘတို့သည် သားသမီးတွေဆီမှ နောက်ဆုံးမျော်လင့်ချက် တစ်ခုတော့ထားတတ်ကြသည် ကိုယ့်ရင်သွေးလေး မီးဖွားပြီးစကပင်
ငါတို့သေတဲ့အခါ ငါတို့ကို အမျှတမ်း ပေးဝေမယ့် ငါတို့ရဲ့သားလေး
ငါတို့ရဲ့သမီးလေးဆိုပြီး မျော်လင့်ထားတတ်ကြသည်
အချစ်တွေပိုခဲ့ကြရသည်
မေတ္တာတွေ ဒလဟော ယိုစီးခဲ့ကြလေတော့သည်
လောကကြီးမှာ အမိုက်ဆုံးလူကို ပြောပါဆိုလျှင် မိဘကို
ကျေးဇူးမဆပ်ပါပဲ ကျေးဇူးကန်းသူများပင်
ထိုသူထက် မိုက်ရာကြမည့်သူမှာ မိဘများ တမလွန်ဘဝကို
ရောက်သည့်အခါ အမျှအတမ်း မပေးဝေသော သားသမီးများပါပင်
မွေးလာကတည်းက မျော်လင့်ထားခဲ့သည့် မိဘတို့၏နောက်ဆုံး မျော်လင့်ချက် ရောင်ခြည်ကိုတော့ဖြင့် သားသမီးတိုင်း
ဖြည့်ဆည်းပေးရပေလိမ့်မည်
မိဘကျေးဇူး ဆပ်နိုင်သော သားသမီးများ ဖြစ်နိုင်ကြပါစေ image

မိဘတို့၏ နောက်ဆုံး မျော်လင့်ချက် | Ecency