Let's Have a Picnic

Words
74
Reading
1 min
Listen
Play
4y

မင်္ဂလာပါ။
ဟိုတစ်နေ့က ရည်ရွယ်ထားခြင်း မရှိပါဘဲ အမရပူရ တောင်သမန်အင်း ဦးပိန်တံတား သို့ ရောက်ခဲ့ပါတယ်။
ထိုနေ့က မနက်ခင်းမှာ ထမင်း ဟင်းများ ချက်ပြုတ်ထားပြီး ဖြစ်သောကြောင့် ခရီးတိုသွားရာမှာ ထမင်းဗူး ။ဟင်းဗူးများဖြင့် ထုပ်ယူသွားခဲ့ပါတယ်။

အစကတော့ နေ့လည်စာ ကို မဟာမြတ်မုနိဘုရားကြီး ပရဝုဏ်ထဲမှာ စားရန် ရည်ရွယ်ခဲ့ပါသည်။
သို့ပေမယ့် လမ်းအဆင်သင့်တာနဲ့ ဦးပိန်တံတား ဘက် ဝင်ရောက်ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ပဲ ဦးပိန်တံတား အောက် ဘေးနားမှာ မိသားစု နေ့လည်စာ ကို ယူလာတဲ့ ထမင်း ဟင်းများဖြင့် စားခဲ့ကြပါတယ်။
ဒါကတော့ ဦးပိန်တံတား ကို အရင်က ခဏခဏ ရောက်ဖူးပေမယ့် ယခုလို ထမင်းဗူးများ ထုပ်ယူသွား၍ စားဖူးခြင်း မရှိပါဘဲ ပထမဆုံး အဖြစ်လေးပါ။

ဟိုတုန်းကတော့ အခုလို စားစရာများ ထုပ်ပိုးပြီး အပေါင်းအသင်းတွေနဲ့ တောလည်သွား စားသောက်ရတာ ပျော်စရာများပါပဲ။
ခုတော့လည်း ကိုယ်ပိုင် မိသားစုလေးနဲ့ တပျော်တပါး စားကြရတာ ပျော်စရာလေးပါပဲ။

HIVE မိတ်ဆွေတွေနဲ့ ပျော်ပွဲစား ထွက်ချင်ပါသေးရဲ့ဗျာ။

walarhein@walarhein

Let's Have a Picnic | Ecency