သို့/
ကိုကြီးမြတ်
သတိရခြင်းများစွာနဲ့ ညီငယ် စာရေး
လိုက်ပါတယ်။ အဓိကကတော့ တစ်နေ့က ချော်
လဲပြီး မထနိုင်ဘူးဆိုတော့ ခုဘယ်လိုနေသေးလဲ
လို့မေးချင်တာပါ ကိုကြီးမြတ်။ ညီငယ်အရမ်းစိုး
ရိမ်သွားတယ်။ ကိုကြီးက အသက် ၇၀ နားကပ်
နေပြီဆိုတော့ အသွားအလာ အနေအထိုင်ကို ဂရု
စိုက်ပါ ကိုကြီးမြတ်။
ကျွန်တော်တို့နိုင်ငံမှာက သက်ကြီးရွယ်အို
တွေဆို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့
ရာ တော်တော်အားနည်းတယ်နော်ကိုကြီး၊ သူတို့
က ဘုရားသွား ကျောင်းတက်လောက်ပဲ အာရုံရ
နေပြီး၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို လူ
ငယ်တွေသာပဲ လုပ်တာလို့ အထင်ရောက်နေကြ
တာကိုကြီးမြတ်ရေ။
အသက်အရွယ် ကြီးလာတာနဲ့အမျှ လှုပ်
ရှားမှု နှေးကွေးလေးလံလာတာကြောင့် ငြိမ်ငြိမ်
လေးပဲ နေလိုက်မယ်ဆိုရင် " မလှုပ်ရှားခြင်းရဲ့
ဆိုးကျိုး "တွေက တစ်သီတတန်းကြီး စီတန်းပြီး
စောင့်ကြိုနေပါလိမ့်မယ်ကိုကြီးရေ။
 ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့အသက်ကြီ:
သူတွေမှာ သွေးတိုး၊ဆီးချို၊နှလုံး၊လေဖြတ်၊ကင်
ဆာရောဂါနဲ့ အယ်ဇိုင်းမာ: ဆိုတဲ့ ရောဂါတွေဖြစ်
ပွားဖို့ အလားအလာ ပိုများကြောင်းကျန်းမာရေး
စစ်တမ်းများရဲ့ ရလာဒ်တွေက ပြတ်ပြတ်သား
အတည်ပြုထားတယ်ကိုကြီးမြတ်။
အသက်မသေခင် ကျန်းမာပျော်ရွှင်စွာ နေ
ထိုင်နိုင်ဖို့၊မတော်တဆ ထိခိုက်မှုကနေ ကာကွယ်
နိုင်ဖို့နဲ့၊ သူတပါးကို မှီခိုရခြင်းက ကင်းဝေးဖို့ အ
တွက် အသက်ကြီးသူတွေအနေနဲ့ တစ်နေ့ကိုပျမ်:
မျှနာရီဝက်နှုန်း၊တပတ်ကို ၃ နာရီဒါမှမဟုတ်၅နာ ရီလောက် ပုံမှန်လေ.ကျင့်ခန်းလုပ်ဖို့ (National institution Aging - USA က တိုက်တွန်းထား
တယ်ကိုကြီးရေ။

ဒါဆိုရင် ကိုကြီးကျနော့်ကို မေးခွန်းထုတ်
ချင်နေမယ်ဆိုတာ ညီလေးကြိုသိနေတယ်။ကို
ကြီးမေးစရာမလိုအောင် ညီငယ် လက်လှမ်းမှီသ
ရွေ့ပြောပြမယ်နော်။
နှလုံးကြွက်သား သန်မာအားကောင်းစေ
ဖို့အတွက်cardio လှုပ်ရှားမှုဖြစ်တဲ့ လမ်းလျှေက်
တာ၊ ပြေးတာမျိုး၊ indoor / outdoor စက်ဘီး
နင်းတာစတဲ့ မိမိနဲ့ အဆင်ပြေစေမယ့် လှုပ်ရှားမှု
မျိုးကို တရက်မှာ နာရီဝက်၊တပတ်မှာ ၃-၄ ရက်
ပုံမှန်လုပ်ဖို့လိုအပ်တယ်တဲ့ ကိုကြီးမြတ်။
National Health Science ,UK ရဲ့အဆို
အရ လူအများစုမှာ အသက် ၃၀ ကျော် ဝန်းကျင်
က စပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေက စ
တင်လျော့နည်းလာတတ်ပြီး အသက်ရလာတာ
နဲ့အမျှ ကြွက်သားဆုံးရှုံးမှုနှုန်း ပိုမိုမြင့်တက်လာ
တယ်လို့ ဆိုတယ်။

ဒါ့ကြောင့် သက်ကြီးရွယ်အိုတွေဟာ ငယ်
ရွယ်သူတွေထက်ကို မဖြစ်မနေ ကိုယ်လက်လှုပ်
ရှားမှုကို လုပ်သင့်တယ်လို့ ပြောထားတယ်အကို
ရေ။ ကိုယ်ခန္ဓာ ဟန်ချက် Balance ကို လေ့ကျင့်
ပေးတဲ့ လှုပ်ရှားမှုမျိုး၊ အရိုးအဆစ် Joit တွေရဲ့
flexibility & mobility ကောင်းစေဖို့အတွက် အ
ကြောဆန့်၊ အကြောဖြေ exercise တွေကိုလည်း
ပြုလုပ်ပေးဖို့ အရေးကြီးတယ်လို့ ပြောထားပါ
သေးတယ်။
အသက်ကြီးရင့် သူတွေအနေနဲ့ ကျန်းမာ
စွာ နေထိုင်နိုင်ရေးအတွက် မိမိတို့ရဲ့သားသမီး
မြေးမြစ်တို့နဲ့အတူ ကိုယ်လက်လှုပ်ရှား gym က
စားနိုင်သလို သက်တူရွယ်တူ မိတ်ဆွေတွေနဲ့
ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်း၊ gym ကစား
ခြင်းတို့ကို ပုံမှန် လုပ်ပေးမယ်ဆိုရင် တက်ကြွ
လန်းဆန်းပြီး ရောဂါဘယ ကင်းဝေ: စေမယ်
လို့ မှတ်သားမိပါတယ်ကိုကြီးမြတ်။

ကိုကြီးအနေနဲ့COVID 19 ကာလမှာ ခရီး
မသွားနိုင်၊စီးပွားရေး မလုပ်နိုင်သေးတဲ့အချိန်
stay home နေပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်
ခန်းလုပ်ပြီး မိမိကိုယ်ကို မိမိ အမှီအခိုကင်းကင်း
နဲ့ နေနိုင်အောင် ကြို: စားနေထိုင်သွာ: ပါလို့ ဆန္ဒ
ပြုလိုက်ရပါတယ် ကိုကြီးမြတ်ခင်ဗျား။
ချစ်ခင်လေးစားစွာဖြင့်
မှ / ကချင်ပြည်နယ် ရောက် ညီငယ်
victornawawng