ရွှေစက်တော်ဘုရားဖူး အမှတ်တရ...!

Words
174
Reading
1 min
Listen
Play
5y

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_24_22_13_57.png

ဒီနေ့တော့ လွန်ခဲ့သော ၂၀၁၈ ခုနှစ် အထက်မြန်မာပြည် ဘုရားဖူးသွားခဲ့စဉ်က ရွှေ စက်တော်ဘုရားတွင် အမှတ်တရဖြစ်ခဲ့သော အကြောင်းအရာလေးအား ပြန်လည်မျှဝေ ရေးသားခဲ့ချင်ပါသည်။
ကျွန်တော်တို့ မိသားစုဆွေမျိုးများသည် အထက်မြန်မာပြည်ဘရားဖူးအတွက် မန်းတလေးဘုရား ..စစ်ကိုင်းဘုရာ..မုံရွာ အလောင်းတော်ကပ်သပဘုရား.. ပုဂံဘုရားများဖူးပြီးသောအခါ ရွှေစက်တော်ဘုရားဖူးရန် ခရီးဆက်ခဲ့ကြပါသည်။
screenshot_2021_09_24_22_14_12.png

တစ်နေကုန်နီးပါး ပုဂံဘုရားများဖူးမျှော်ပြီး၍ ညနေပိုင်းတွင်း ရွှေစက်တော်ဘုရားသို့ ဆက်လက်ထွက်ခွါခဲ့ပါသည်။
ကားဆရာ မှာလည်း တူမလေးယောကျ်ားဖြစ်ပြီး လမ်းသိပ်မသိ၍ ကျွန်တော်မှ Google map ဖြင့် ဦးဆောင်လမ်းညွှန် ခေါ်ဆောင်သွားခဲ့ပါသည်။မန်းတလေးဘုရား.. ပုဂံဘုရားများအား အခေါက်ပေါင်းများစွား ရောက်ဖူးနေသော်လည်း ရွှေစက်တော်ဘုရားသို့ မရောက်ဖူးပဲ မိမိကိုယ်တိုင်ပင် ပထမဦးဆုံး အတွေ့အကြုံဖြစ်နေပါသည်။ မတ်လတွင်သွားသော ဘုရားဖူးခရီးဖြစ်၍
ရာသီဥတု အရမ်းပူခြင်း.. တစ်နေကုန် ပုံဂံဘုရားများဖူးထားရ၍ ပင်ပန်းနေခြင်း.. ရွှေစက်တော်ဘုရားဖူးရန် ခရီးဆက်နေရခြင်းတို့ကြောင့် ထိုနေ့အတွက် ပုံမှန်ထက်ပင်ပန်းနေသလို ဖြစ်နေပြီး မိမိ၏ စိတ်ကူးတွင် ရွှေစက်တော်ရောက်ပါက (hotel) ဟိုတယ်ကောင်းကောင်းတွင် ရေများအားရပါးရချိုးပြီး သေသေချာချာ အနားယူအိပ်စက်မည်ဟု အားခဲနေမိပါသည်။မိမိတစ်ခေါက်မျှ မရောက်ဖူး၍ အခြေအနေ မသိသောကြောင့် ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးယဥ်နေမိပါတော့သည်။
ထို့အပြင် ရွှေစက်တော် နားမရောက်ခင် နာရီဝက်အလိုလောက်မှာပင် ဟိုတယ်များတည်းခိုးနိုင်ရန် သူ့ဟိုတယ်ကောင်းကြောင်း.. ငါ့ဟိုတယ်သည် ရေကစားသောနေရာနှင့်ပိုအဆင်ပြေကြောင်း စသည်ဖြင့် သူတို့ပြောသော ဟိုတယ်များတွင် တည်းခိုနိုင်ရန် အမွန်းတင် စည်းရုံးနေသော သူများ ကားပေါ်လိုက်လာပါတော့သည်။
ထိုအခါမှာတော့ မိမိသည် ပို၍ပင် ဂရုတစိုက်နားထောင်ပြီး လိုအပ်သည်များမေးမြန်းရင်း စျေးနှုန်းများ ပါ စိတ်တွင် မှတ်သားမိနေပါသည်။
တဖြည်းဖြည်း ရွှေစက်တော်ဘုရားရောက်ရန် နီးလာပြီး ညအချိန်မှာလည်း ည (၁၂:၀၀)နာရီ ထိုးခါနီး ဖြစ်လာပါတော့သည်။
screenshot_2021_09_24_22_14_22.png

ထိုသို့ဖြင့် ည (၁၂:၀၀)နာရီ ထိုးတွင် ရွှေစက်တော် သို့ရောက်ရှိပြီး တည်းခိုးခန်းငှါးမည့်နေရာသို့ သွားရောက်ကြပါတော့သည်။
ထိုနေရာအရောက်တွင်တော့ ကျွန်တော်၏ တွေးခဲ့သမျှသော အရာများအားလုံးသည် လုံးဝ ပြောင်းပြန် ဖြစ်သွားပြီး သူတို့ပြောသော တည်းခိုးခန်းဆိုသော အရာသည် ဘုရားပွဲစျေးတန်းအတွင်း ဝါးနှင့်ပြုလုပ်ထားသော အဆောင်များ သစ်သားနှင့်ပြုလုပ်ထားသောအခန်းများမှ လွဲ၍ ထိုထက်ကောင်းသော နားနေတည်းခိုနိုင်သောနေရာ မရှိပါ။
ဤနေရာများတွင်သာ အဆင်ပြေသလို နားနေရင်း ဘုရားဖူးရခြင်းဖြစ်ပါသည်။
ထိုအခြေအနေကို ကျွန်တော်မသိခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ထိုအဆောင်အခန်းများသာ ငှါးပြီး နေထိုင်ခဲ့ရသဖြင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ မိမိကိုယ်ကို ဟာသဖြစ်နေခဲ့ရပါကြောင်း...
ကျွန်တော်၏ စိတ်ထဲတွင် ဟိုတယ်မျိုးစုံ နှင့် ကျကျနန အနားယူတည်းခိုနိုင်မည်ဟုထင်ခဲ့သော်လည်း ထိုဟိုတယ်မျိုးစုံမှာ ဘာမျှမပါသော သစ်သားအဆောင် ဝါးအဆောင်လေးများသာဖြစ်၍ စိတ်ထဲတွင် မမေ့နိုင်တော့ပဲ ယခုထိတိုင် အမှတ်တရဖြစ်နေရပါ​ကြောင်း ပြန် လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
screenshot_2021_09_24_22_20_30_1.png

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
uthantzin@uthantzin
24.9.2021(20:00)pm

ရွှေစက်တော်ဘုရားဖူး အမှတ်တရ...! | Ecency