အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေဟာ အလုပ်လုပ်ရင်း အားတဲ့အချိန်လေးတွေမှာသော်လည်းကောင်း ထမင်းစားလွှတ်ချိန်မှာသော်လည်းကောင်း ဝိုင်းဖွဲ့ပြီး စကားတွေ ပြောဆိုလေ့ရှိကြပါတယ်။ဝါသနာတူ သူငယ်ချင်းများ သူ့အမြင် ကိုယ့်အမြင် အယူအဆတွေဖလှယ်ရင်း ရင်းရင်းနှီးနှီးနေတတ်ကြပါတယ်။
Crd-org-source
ကမ္ဘာ့အရေး မြန်မာ့အရေး စီးပွားရေး လူမှုရေး ကျန်းမာရေး မိမိတို့လုပ်ငန်း၏တိုးတက်မှုအခြေအနေ နှင့် လက်ရှိ update သတင်းများ စသည်ဖြင့် အမျိုးစုံလင်လှသော စကားဝိုင်းလေးပဲဖြစ်ပါသည်။
ထိုသို့ အမျိုးစုံလင်အောင် ပြောဆိုလေ့ရှိကြရင်း ဒီအပတ်မှာတော့ update သတင်းဆန်ဆန်လေးတွေ ဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ကိစ္စရပ်လေးတွေကို အဓိကထားဆွေးနွေးဖြစ်ခဲ့ကြပါတယ်။
ထို update များထဲမှ ပြီးခဲ့တဲ့ရက်ပိုင်းတွင် ဖြစ်ပျက်သွားတဲ့ ကုန်ဈေးနှုန်း အကြောင်းလေးကို update အဖြစ်သတ်မှတ်ပြီး ကျွန်တော်ကပဲ စတင်ပြီး အစဆွဲထုတ်ပြောဆိုလိုက်ပါတယ်...။
ကယ်..သူငယ်ချင်းတို့ရေ...
ငါဟိုတစ်နေ့က အိမ်အတွက် ဆန်သွားဝယ်တာ ဆန်ဈေးနှုန်းတွေ သိသိသာသာ တက်သွားတယ်ကွာ။ဆန်တစ်အိတ် (၆၀၀၀)ကျပ်လောက်ဈေးတက်သွားပြီး ဆန်တစ်ပြည်ကို (၂၀၀)ခန့် ဈေးတက်သွားပြီလို့ ငါထင်တယ်ကွာ။
ဒီအကြောင်းလေး ကိုယ်တိုင်သွားဝယ်မှပဲ တိတိကျကျ သိခဲ့ရတယ်။ဒီဆိုင်ကပဲ ဈေးတက်ပြီး အခြားဆိုင်တွေရော ဈေးတက်ရဲ့လား သိချင်စိတ်တော့ ဖြစ်နေမိတယ်လေ။
ဒါနဲ့ အိမ်ပြန်ရောက်ပြီး သိပ်မကြာပါဘူး အမျိုးသမီးတွေ စကားပြောနေတဲ့အသံကြားလို့ လှမ်းနားထောင်လိုက်တာ.. တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွေ ဆန်ဈေးတက်သွားတဲ့အကြောင်း ကန်စွန်းရွက်တစ်စီး (၃၀၀)..(၄၀၀)ကျပ်လောက်အထိ ပေးဝယ်စားနေရကြောင်း ပြောနေတဲ့အသံကြားရပါတော့သည်။ကုန်ဈေးနှုန်းတက်သွားတယ်ဆိုတာ သေချာသွားပြီပေါ့။
ကျွန်တော်တို့ မြန်မာပြည်က ပြည်သူအားလုံးနီးပါး ထမင်းနဲ့ဟင်းကို အဓိက စားသုံးကြတာပါ။အခုတော့ အဓိကစားကုန်ဈေးတက်တာဖြစ်တဲ့အတွက် ပိုပြီးသတိထားစရာကောင်းပါတယ်။နောက်ပြီး ကုန်ပစ္စည်းဈေးဟာ တစ်ခုတက်ပြီဆိုတာနဲ့ အခြားဟာတွေသူ့အလိုလိုတက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မည်သို့သော အကြောင်းများကြောင့် ဒီလိုတက်သွားရသလဲ ကောင်းစွာမသိကြသော်လည်း ပြည်သူလူထုကတော့ ဒီကုန်ဈေးနှုန်းတက်သွားသောဆိုးကျိုး၏အကျိုးဆက်ကို ခံစားနေကြရပါသည်။
Crd-org-source
ဒီလိုကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် steemit မှာ အရင်တုန်းကလည်း sector တွေအလိုက်..ကဏ္ဍတွေအလိုက် တင်ပြရေးသားခဲ့ပါတယ်။post ရဲ့ခေါင်းစဉ်လေးကတော့" ပြောခွင့်ပြုပါရွှေမြန်မာ"ဆိုတဲ့ခေါင်းစဉ်လေးပါခင်ဗျာ။
ဒီလိုကုန်ဈေးနှုန်းနဲ့ ပတ်သက်တဲ့ကိစ္စအတွက် ကုန်ဈေးနှုန်း ဘာကြောင့်တက်တာလဲ...?ဘာတွေလိုအပ်နေတာလဲ...?ဘယ်နေရာတွေ အားနည်းချက်ရှိနေတာလဲ...?ဘယ်လိုလက်တွေ့ ထိရောက်အောင် ဆောင်ရွက်ရမလဲ...? စသည်ဖြင့် မေးခွန်းတွေအများကြီးရှိနေမှာပါ။ ကုန်ဈေးနှုန်းကိစ္စဖြစ်တဲ့အတွက် ဒီမေးခွန်းတွေအားလုံးအပြင် မိမိတို့မသိနိုင်သေးသောအချက်များကို စီးပွားရေးအကြံပေးပညာရှင်ဒေါက်တာအောင်ထွန်းသက်တို့လို တစ်ကယ်တော်ပြီး တစ်ကယ်တတ်တဲ့ ပညာရှင်များ..ထိုကဲ့သိုသောပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများကသာ အကောင်းဆုံး ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ထိုပညာရှင်များနှင့် အဖွဲ့အစည်းများကသာ ဖြစ်ပေါ်လာသောကိစ္စရပ်၏ အားနည်းချက် အားသားချက်များကို Research လုပ်ပြီး မည်သို့ မည်ပုံဆက်လက်လုပ်ဆောင်ရမည်ကို အကောင်းဆုံး အဖြေရှာပေးနိုင်မှာဖြစ်ပါတယ်။ဒီလိုမှသာ အကောင်းဆုံးအကြံညဏ်များနှင့် ဖြစ်ပေါ်လာသောအခြေအနေများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ထင်မြင်မိပါသည်။
Crd-org-source
ဥပမာ ---မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်ဆိုရင် မိုးလေဝသနဲ့ပတ်သက်လို့ ဘယ်အချိန်.. ဘယ်နေ့..ဘယ်နေရာမှာ.. ဘာဖြစ်မယ် (သို့) ဘာဖြစ်နိုင်တယ်စသည်ဖြင့် ကျွန်တော်တို့ ပြည်သူလူထုအားလုံးအတွက် အမြဲတမ်းလေ့လာကြည့်ရှု တင်ပြပေးနေပါတာကိုကြည့်ပါ။ဒီလိုဆိုရင် အလွယ်တကူသိရှိပြီး ကာကွယ်နိုင်ကြပြီလို့ ဆိုနိုင်ပါတယ်။ဒီအချက်လေးကို ဥပမာထားပြီး စဉ်းစားလိုက်ရင် လိုချင်တဲ့အရာကို ဘယ်လိုစီမံပြင်ဆင်ရမယ်ဆိုတာ ပိုပြီးသိသာစေပါတယ်။
ဒါကြောင့် ဘယ်ကိစ္စမျိုးမဆို ဖြစ်လာတဲ့ကိစ္စရပ်အပေါ်မူတည်ပြီး သက်ဆိုင်ရာ ပညာရှင်များ.. ထိုပညာရှင်များနှင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများကသာလျှင် အကောင်းဆုံးလမ်းညွှန်ပေးနိုင်ပြီး ထိရောက်စွာ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် ကဏ္ဍအလိုက် ပညာရှင်များ နှင့် ထိုပညာရှင်များနှင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည်သာ သက်ဆိုင်ရာကဏ္ဍများ၏ ဖြစ်ပေါ်လာသောအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပုံဖော် ပေးနိုင်မှာဖြစ်ပါကြောင်း...
ကဏ္ဍအလိုက်ပညာရှင်များသည်သာ အဓိက အရေးပါသောသူများဖြစ်ပါကြောင်း ပြောဆိုရင်း အလုပ်လုပ်စရာပေါ်လာသောကြောင့် မိမိတို့၏စကားဝိုင်းလေအား ရပ်နားလိုက်ရပါတော့သည်။
အထက်ပါအကြောင်းအရာများသည် ကျွန်တော်၏ထင်မြင်မိသော ကိုယ်ပိုင်အယူအဆ တစ်ခုသာဖြစ်ပါသည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211