Sharing About One of The Aircon knowledges...!

Words
175
Reading
1 min
Listen
Play
5y

Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ ကျွန်တော်တို့အသုံးပြုနေသော Air-con တွင် ဖြစ်တတ်တဲ့ အကြောင်းအရာလေးတစ်ခုကို ရေးသားမျှဝေ ပေးခဲ့ချင်ပါသည်။
20210812_165408.jpg

လွန်ခဲ့သော ရက်အနည်းငယ်လောက်က အိမ်နီးနားချင်း မိတ်ဆွေသူငယ်ချင်းထံမှ သူ၏ Aircon ဖွင့်မရ၍ ဖုန်းဆက်လာပါတော့သည်။
ပုံမှန်အရဆို သွားရောက်ကြည့်ရှု့ပြီး လိုအပ်သည်များ လုပ်ဆောင်သင့်ကြောင်း အကြံညဏ်ပေးလေ့ရှိပါသည်။
သို့သော်လည်း ယခုအချိန်မှာတော့ အဝင်အထွက်သိပ်မလုပ်ချင်၍ အိမ်သို့မသွားပဲ ဖြစ်သွားသည့် အကြောင်းအရာအား မေးပြီး ဖွင့်လျှက်အနေအထားတွင် ပေါ်နေသော remove နှင့် Aircon Indoor unit ပုံအား ဓာတ်ပုံရိုက်၍ viber မှပို့ခိုင်းလိုက်ပါသည်။
20210812_165346.jpg

viber ပုံများကြည့်လိုက်သောအခါ remove တွင် display screen ပေါ်၌ auto setting သို့ရောက်နေပါသည်။Battery အားနည်းမနည်း စစ်ဆေးနိုင်ရန် အားကောင်းသော battery လဲ ထည့်ခိုင်းလိုက်ပါသည်။
မီးအား 220V နှင့် safeguard ပုံမှန်ဖြစ်မဖြစ်မေးကြည့်ရာ အားလုံးပုံမှန်ပဲဟု ပြောပါသည်။
remove battery အသစ်လဲပြီး
ဖွင့်ကြည့်ရာ ဘာသံမှ မကြားရတော့၍ battery လဲခြင်းဖြင့် အဆင်မပြေသေးပါ။
Aircon မှာလည်း အသစ်တပ်ဆင်ထားတာ သိပ်မကြာသေး၍ ကြီးကြီးမားမား မဖြစ်နိုင်ဟု ယူဆပါသည်။
ထို့ကြောင့် Aircon service သမားအား အကျိုးအကြောင်း ပြောပြပြီး သူ၏ ပြောပြချက်များအတိုင်း လုပ်ဆောင်ခဲ့ပါသည်။Aircon Indoor unit ညာဘက်ဒေါင့်တွင် တစ်ခုခု အခမသင့်သည့်အခါ... တစ်ခုခုကြောင်သွားသည့်အခါ...မီးအားရုတ်တရက်ကျသွားသောအခါ အဖြတ်အတောက်ပြုလုပ်နိုင်ရန် auto switch လေးတစ်ခု ပါလေ့ရှိပါသည်။
ထိုခလုတ်လေးသည် Aircon indoor unit ၏ အဖုန်းလှန်လိုက်ပါက ညာဘက်ဒေါင့်တွင် တွေ့နေရသော်လည်း တစ်ချို့ Aircon များတွင် ညာဘက်ဒေါင့်၌ screw သာတွေ့ရပြီး screw ၏ ဘေးတစ်နေရာတွင် အပေါက်ဝိုင်းလေးတွေ့ရပါမည်။ထို အပေါက်ဝိုင်းလေးထဲသို့ ဝင်နိုင်သော ဝက်အူလှည့်လေးထည့်ပြီး ခလုတ်နှိပ်သလို တစ်ချက်ဖိနှိပ်လိုက်ပါက Power ပြန်ရောက်သွားပြီး Indoor unit ၌ display screen ပြန်ပေါ်သွားပါတော့သည်။ထို display screen ပြန်ပေါ်သွားခြင်းနှင့်အတူ Aircon မှာလည်း စတင်လည်ပတ်ပါတော့သည်။
ထိုသို့ စတင်လည်ပတ်သွားသော်လည်း remove နှင့် အသုံးပြု၍မရသေးပါ။remove တွင်လည်း Auto သို့ရောက်နေ၍ မရခြင်းဖြစ်ပြီး cool သို့ ထားပြီးမှသာ အားလုံး လိုအပ်သလို manual နှိပ်၍ ရသွားပြီး အားလုံးပုံမှန်ဖြစ်သွားပါသည်။
20210812_165334.jpg

သို့ဖြစ်ပါ၍ Aircon များတွင်
ထို့​ကဲ့သို့သော အဖြစ်အပျက်များလည်း ရှိနိုင်ပါကြောင်း ဗဟုသုတအဖြစ် ရေးသားမျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
uthantzin@uthantzin
12.8.2021 (18:30)pm

Sharing About One of The Aircon knowledges...! | Ecency