မင်္ဂလာရှိရာ မင်္ဂလာလာမည်...။

Words
74
Reading
1 min
9y
Listen to this post
~1 min

image
ဒီနေ့တော့ ဇနီးဖြစ်သူရဲ့ တူမလေး 7.4.2018(စနေနေ့) မင်္ဂလာဆောင်အတွက် ကျွန်တော်တို့ ဇနီးမောင်နှံမှ မင်္ဂလာ အိပ်ယာအခမ်းအနား ပြင်ဆင်ပေးရန်တာဝန်ယူထားရသဖြင့် ညနေအလုပ်ဆင်းတာနဲ့ တူမလေးတို့နေတဲ့ အိမ်သို့ အိပ်ယာအခမ်းအနား ပြင်ဆင်ပေးရန်ရောက်ရှိနေပါပြီ။ကျွန်တော်မှ မည်သို့မည်ပုံထားမည်...ပြင်ဆင်ထားသောအခန်းအားဘယ်လိုပုံစံပြုလုပ်မည်စသဖြင့် ပြောဆိုခိုင်းထားပြီးသားလည်းဖြစ်၍ မိမိတို့မှာ dunlop မွေ့ယာခင်း...လိုအပ်တဲ့ accessories တွေခင်း ဒါတွေလုပ်ရမည့်အဆင့်သာကျန်ပါသည်။မိမိမှာ အဲဒီလို အခင်းအကျင်း decoration နှင့်ပတ်သက်၍နဂိုထဲကကိုစိတ်ဝင်စားသူဖြစ်ပါသည်။ဒါကြောင့် colour ပိုင်းက အစ စိတ်တိုင်းကျစီစဉ်ပြုလုပ်တတ်သူဖြစ်သည့်အတွက် အချိန်အနည်းငယ်ပိုကြာပါသည်။
image
မင်္ဂလာဇနီးမောင်နှံ နှစ်ဦးမှာလည်း သူတို့အတွက် ဤကဲ့သို့ဂရုတစိုက် လှပအောင် ပြင်ဆင်ပေးနေတဲ့အတွက် ပျော်ရွှင်ဝမ်းသာနေကြပါတော့သည်။မိမိလုပ်ပေးရမည့် လိုအပ်သည့် ကိစ္စရပ်များအားလုံးစနစ်တကျ ပြုလုပ်ဆောင်ရွက်နေရ၍ အခုချိန်အထိ ဒီအဆင့်သာပြီးသေးပါ၏။ မနက်ဖြန် သောကြာနေ့သည် မင်္ဂလာဆွမ်းကျွေးလုပ်မှာဖြစ်ပြီး စနေနေ့ကျမှ မင်္ဂလာဧည့်ခံပွဲလုပ်မှာဖြစ်သော်လည်း ဒီညမှာတော့ အိပ်ယာအခမ်းအနားလေး  အပြီးပြင်ဆင်ပေးရမှာဖြစ်ပါတယ်။ဒီနေ့ အတွက် အာဝါဟ... ဝိဝါဟမင်္ဂလာအတွက် ပြုလုပ်ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားလိုက်ရပါတယ် ချစ်သောသူငယ်ချင်းအပေါင်းတို့...။အော်.. ဒါနဲ့ မင်္ဂလာဆောင်ကိုလည်း တစ်ခါတည်း ဖိတ်လိုက်ပါတယ်ခင်ဗျာ။
image
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်ကြပါစေလို့... ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211
photos by my phone

မင်္ဂလာရှိရာ မင်္ဂလာလာမည်...။ | Ecency