Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ ကျွန်တော်၏ Hive engine ပျိုးခင်းလေးအား ကြီးထွားဖွံ့ဖြိုးလာစေရန် လိုအပ်သည်များ လုပ်ဆောင်ခဲ့ပါသည်။
ပထမဦးစွာ leodex.io သို့သွားရောက်ပြီး Hive engine token စျေးနှုန်းများကြည့်ရှု့ခြင်း...မိမိ account ရှိ token rewards ရရှိမှု အခြေအနေများ ကြည့်ရှုခြင်း များပြုလုပ်ခဲ့ပါသည်။
ထိုသို့ ပြုလုပ်ရင်း SPT token စျေးနှုန်းကြည့်သောအခါ မိမိကြိုက်သော စျေးနှုန်းဖြစ်နေပါ၍ SPT token ဝယ်ချင်နေပါတော့သည်။
လက်ရှိ မိမိ leodex.io account တွင် 6 Hive coin ခန့်ရှိနေပါ၍ SPT token အား 5 Hive ဖိုး ထပ်မံဝယ်ယူရန် လုပ်ဆောင်ခဲ့ပါသည်။
BUY -MARKET တွင် 505 SPT ကို 5 Hive စျေးဖြင့် ဝယ်ယူလိုက်ပါတော့သည်။
ဝယ်ယူ ရရှိလာသော SPT token များအား ထပ်မံ၍ Stake လုပ်လိုက်ပါတော့သည်။
Stake လုပ်ပြီးသောအခါ delegate လုပ်ရန်ရှိနေသော်လည်း ချက်ချင်း မလုပ်သေးပဲ ထားခဲ့ပါသည်။ပမာဏ နည်းနေသေး၍ delegate မလုပ်သေးချင်သောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း ယခုစာရေးနေသောအချိန်မှာတော့ SPT 500 token အား @monster-curator ထံသို့ delegate လုပ်ပြီးသွားပြီ ဖြစ်ပါသည်။
ထို့ကြောင့် စုစုပေါင်း 8500 SPT token delegate လုပ်ပြီး ဖြစ်ပါသည်။
ထို delegation မှ နေ့စဥ် reward ရရှိမှုမှာ ပျမ်းမျှခြင်း 6 SPT ကျော်မှ 10 SPT အတွင်းရရှိနေပါသည်။
အနည်းငယ်သော ပမာဏများဖြစ်ပေမဲ့ နည်းနည်းခြင်းစုဆောင်းရမည့်အချိန်ဟု သတ်မှတ်ပါ၍ တတ်နိုင်သလောက် ပြုစုပျိုးထောင် နေခြင်းဖြစ်ပါသည်။
ပြီးနောက်မှာတော့ ကျွန်တော်အကြိုက် Token တစ်ခု ဖြစ်သော Trafficinsider - TIX token ကိုလည်း ပြီးခဲ့သော နှစ်ပတ်ခန့်တွင် TIX token 20000 ခန့်အား ကြိုက်စျေးတစ် ခုထား၍ စျေးခေါ်သည့်ပုံစံဖြင့် (SELL - LIMIT) အရောင်းအော်ဒါတစ်ခု တင်ပြီး စမ်းသပ်ထားပါကြောင်း...ယနေ့မှာတော့ မိမိရှာဖွေ ရရှိထားသော TIX token 30000 ကျော်ရှိနေပြီဖြစ်၍ TIX token 30000 အား ထပ်မံ stake လုပ်လိုက်ပါကြောင်း...ကျွန်တော်၏ Hive engine ပျိုးခင်းလေး ဂရုစိုက်ပုံအား ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
23.10.2021(20:00)pm