ဒီနေ့ မနက် အလုပ်ထဲရောက်တော့ ကိုယ့်အထက်အရာရှိမှ ရုံးခန်း Air-con မအေးတော့၍ စစ်ဆေးဆောင်ရွက်ပေးရန် မှာကြားလာပါသည်။သို့သော် မိမိတို့မှာ ပြုပြင်စရာ စက်များကျန်ရှိနေသေး၍ အချိန်ခွဲပြီး လုပ်ဆောင်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်။ထိုသို ပြောဆိုပြီး၍ မိမိတို့ လုပ်စရာရှိသော အလုပ်အားဆက်လက်လုပ်ဆောင်ရာ မနက်ပိုင်းတွင် အဆင်ပြေစွာပြီးစီးခဲ့၏။
ဒါကြောင့် နေ့ခင်းဘက် Air-con များစစ်ဆေးပြီး outdoor/indoor unit များဖွင့်ထုတ်၍ air-compressor gun ဖြင့်လေမှုတ်သန့်ရှင်းခြင်းတို့ဆောင်ရွက်ပေးနိုင်ခဲ့သည်။ထိုသို့ လုပ်ဆောင်နေစဉ် ကျွန်တော်၏စိတ်ထဲမှ ထိုသူများအား ပို၍အေးမြစေနိုင်ရန်အတွက် Air-con အားစစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်သဖြင့်ထိုသူတို့သည်လည်း ပို၍အေးအေးချမ်းချမ်း နေထိုင်နိုင်ကြပါစေလို့ စေတနာများ စိတ်ထဲ၌ဖြစ်ပေါ်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေ၏။ထို့ကြောင့် မိမိစိတ်တွင်လည်း အေးချမ်းပြီး ပျော်ရွှင်သော မျက်နှာပေါ်လွင်နေမည်ဖြစ်ပါသည်။
အားလုံးပြီးစီး၍ Air- con အားပြန်လည် အသုံးပြုသောအခါ အမှန်တကယ် လုံလောက်သောအအေးဓါတ်များ ရရှိသဖြင့် ထိုသူတို့မှ အထူးပင်ကျေးဇူးတင်ကြောင်း ပြောဆိုလာပါသည်။သို့ဖြစ်ပါ၍ မိမိဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဤကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ပါက အားလုံးအတွက် အေးချမ်းပြီး ပျော်ရွှင်မှုများ အမှန်တကယ် ရရှိလာမည်ဖြစ်ကြောင်း ဒီခေါင်းစဉ်လေးနဲ့ စေတနာရှေ့ထား ဝေမျှရေးသားလိုက်ရပါတော့သည်။
စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝ ပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
photos by my phone camera & from google image