***သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၃၁)***

Words
188
Reading
1 min
Listen
Play
8y

သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၃၁)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
image
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။

ဆီးမီးခွက်ရယ် ဂျောင်ဂျင်
image
ဆီးမီးခွက်ရယ် ဂျောင်ဂျင်ဒီစကားထာ စကားလိမ်လေးရဲ့ အဖြေကတော့ဆေးတံပေးပါ မောင်ရင်လို အဓိပ္ပာယ်ရပါသည်။ရှေ့ခေတ်တုန်းက လူကြီးသူမတွေဟာ ဆေးတံကို ပါးစပ်မှာဖွားလေ့ရှိကြသည်။ထိုဆေးတံဟာ ခုခေတ်မှာတော့ ဆေးလိပ်သောက်ခြင်းနဲ့တူတူပါဘဲ။လူကြီးက ကလေးကို ဆေးတံယူခိုင်းတဲ့အခါမှာ ထို စကားထား စကားလိမ်ကို အသုံးပြုခဲ့ကြောင်းပြောပါရစေ။

မန်ကျည်းပင် စာဆွဲ
image

မန်ကျည်းပင် စာဆွဲဆိုတဲ့စကားထာ စကားလိမ်အဖြေကတော့ ညည်းလင် ငါဘဲလို့ ပြောဆိုခြင်းဖြစ်သည်။ယောကျာ်းက မိန်းမကို ပြောဆိုခြင်းဖြစ်သည်။နောက် ယောကျာ်းက ငေါ့တော့တော့နဲ့ ပြောဆိုခြင်းဖြစ်မည်ဟုထင်ပါသည်။

လှေကားရင်းမှာ ဆန်ခါနဲ့သော့
image
လှေကားရင်းမှာ ဆန်ခါနဲ့သော့ဒီစကားထာ စကားလိမ်အဖြေကတော့နှမချင်းစာ မလာနဲ့တော့ဟု အဖြေရပါသည်။သူရည်ရွယ်ချက်က လူပျိုနဲ့ အပျို စကားပြောသော အခါသုံးသည်။ဒီနေရာမှာ လူပျိုက အပျိုအိမ် ခဏခဏ သွားလို့ ကြာလာတော့ အပျိုဟာ သူမကြိုက်တဲ့အတွက် နောက်အခါ မလာနဲ့တော့ဟု အပြတ်ပြောသောစကားဖြစ်ကြောင်း ပြောပါရစေ။

အစဉ်ကြိုးစားလျက်

Author tunnaingwin

Msc.100


Do you use eSteem?
‌eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store

Download eSteem Surfer for your PC💻
Available for all OS Github


Join eSteem Discord https://discord.gg/UrTnddT

Join eSteem Telegram http://t.me/esteemapp

Proud to be a member of The Steemians Directory
Join eSteem Community

***သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၃၁)*** | Ecency