သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂၀)

Words
200
Reading
1 min
Listen
Play
8y

သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂၀)
image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။

(၁)တောင်နှစ်လုံးကြား ဖိုးသူတော်နှစ်ပါးထွက်လာသည်၊လူမည်းကြီးငါးယောက်ကဆွဲပစ်သည်။
image
ဒီစကားထာလေးက နည်းနည်းတော့ အတွေးဆန်းတယ်။ဘာကြောင့်ဆို သူအဖြေက နှပ်ညစ်ခြင်းဖြစ်သည်။တောင်နှစ်လုံးကြား ရဲ့ အဓိပ္ပာယ်က နှခေါင်းပေါက်ကို ဆိုလိုပြီး ဖိုးသူတော် နှစ်ပါးကတော့ နှပ် ကို ပြောဆိုခြင်းဖြစ်သည်။လူမည်းကြီးငါးယောက်ကတော့ ကျွန်တော်တို့ လက်ချောင်း ငါးချောင်းကို ဆိုလိုကြောင်း ပြောပြပါရစေ။

(၂)ရင်မှာထား သားလည်းမဟုတ်၊
အသံသာ ကညာမဟုတ်၊
မုတ်ဆိတ်ဖား ကုလားမဟုတ်၊
အမြီးပေါက် မျောက်လည်းမဟုတ်။

image
ဒီစကားထာက စောင်းကိုပြောဆိုခြင်းဖြစ်သည်။ရင်မှာထား သားမဟုတ်က စောင်းကို ပိုက်ထားခြင်းဖြစ်ပြီး အသံသာ ကညာမဟုတ်ကတော့ စောင်းသံကိုပြောဆိုခြင်းဖြစ်သည်။နောက် မုတ်ဆိတ်ဖား ကုလားမဟုတ်ဆိုတာကတော့ စောင်းလက်ကိုင်မှာ အလှဆင်ထားသော အမွေးကိုပြောပြီးအမြီးပေါက် မျောက်မဟုတ်ကတော့ စောင်းဆိုတာ အမြီးကောက်ကောက်ရှိသောကြောင့်ဖြစ်သည်။

(၃)ဥတော့ ၃ လုံး၊ပေါက်တော့ ၁၂ကောင်၊ပျံတော့ ၃၆၅ကွယ်။
image
ဒီစကားထာက ဥတုသုံးပါး ဖြစ်ပါသည်။ဥတော့ သုံးလုံးဆိုတာ မြန်မာနိင်ငံရဲ့ ဥတုသုံးပါးကိုပြောဆိုပြီး ပေါက်တော့ ၁၂ ကောင်က ဥတုသုံးပါးမှာ ၁၂လရာသီရှိပါသည်။ထိုအတူ ပျံတော့ ၃၆၅သည်တစ်နှစ်ရဲ့ ရက်ပေါင်း ၃၆၅ရက်ကို ခေါ်ဆိုကြောင်းပြောပါရစေ။

အစဉ်ကြိုးစားလျက်

Author tunnaingwin

Msc.100


Do you use eSteem?
‌eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store

Download eSteem Surfer for your PC💻
Available for all OS Github


Join eSteem Discord https://discord.gg/UrTnddT

Join eSteem Telegram http://t.me/esteemapp

Proud to be a member of The Steemians Directory
Join eSteem Community