သိမှတ်ဖွယ်ရာ ရိုးရာစကားလိမ်များ(၃၄)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားလိမ်လေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။
မရောင်းရ အိုးနဲ့ဖျာ
မရောင်းရ အိုးနဲ့ဖျာဒီစကားလိမ်ရဲ့အဖြေကတော့ တပေါင်းလခိုးလှည့်ပါဟု ခေါ်ဆိုကြပါသည်။ကဲချစ်သူဖြစ်နေတဲ့သူတွေ ကိုယ်ချစ်သူကို ပြောနိင်အောင် ပြင်ထားကြနော်။ချစ်သူဖြစ်တဲ့သူတွေလည်း မိမိချစ်သူမိန်းကလေးက ဘယ်နေ့ဘယ်အချိန် လာခိုးဆို သွားခိုးကြနော်။ဒီစကားလိမ်က ချစ်သူခြင်း အချိတ်အဆက်စကားဖြစ်သည်။
ပေပင် ပေဖူး ပေရွက်ခူး ပေဖူးဖက်ကတော့
ပေပင် ပေဖူး ပေရွက်ခူး ပေဖူးဖက်ကတော့ဆိုတဲ့စကားလိမ်ရဲ့ အဖြေကတော့မလာစဖူး အလာထူး လူဦးပါပေါ့ ပြန်ပါတော့ဟု အဓိပ္ပာယ်ရရှိပါသည်။တစ်ချို့ ဆွေးမျိုးသားချင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်သိပ်မလုပ်ကြဘဲ တစ်နေ့မှ ရောက်ရှိလာတဲ့အခါ အံ့သြပြီး ပြောဆိုသောစကားဖြစ်သည်။မိမိတို့လည်း ဆွေမျိုးသားချင်း သယ်ရင်းတွေနဲ့ ခုလိုကြုံတွေမည်လို့ထင်ပါသည်။
ဆက်ရက်သုံးကောင် အိုးမှာလှောင် အတောင်ဘယ်ကခတ်သလဲ
ဆက်ရက်သုံးကောင် အိုးမှာလှောင် အတောင်ဘယ်ကခတ်သလဲဆိုတဲ့ဒီစကားလိမ်ရဲ့အဖြေဟာညဥ့်နက်သန်းခေါင် ခွေးကဟောင် အမောင်ဘယ်က တတ်သလဲဟုဆိုလိုသည်။ဒါက ချစ်သူခြင်း ချိန်တွေ့သောအခါ မိမိချစ်သူက မိမိနေသော အိမ်ခန်းထိရောက်လာပုံကို ပြောဆိုခြင်းဖြစ်သည်။ကဲ အဲလိုမျိုး ချစ်သူရှိတဲ့သူတွေ ကြုံဖူးကြလာမသိ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww
eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.
Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store
Download eSteem Surfer for your PC💻
Available for all OS Github
Join eSteem Discord https://discord.gg/UrTnddT
Join eSteem Telegram http://t.me/esteemapp
Proud to be a member of The Steemians Directory
Join eSteem Community